တရုတ်နဲ့ဆက်ဆံရေး အထူး အလေးပေးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်။ Photo: NLD Chairperson Facebook
 ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီး နိုင်ငံ့အာဏာကို လွှဲပြောင်းရယူချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်လက် ကျင့်သုံးသွားမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အထူးအလေးပေးသွားမှာဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနနဲ့ ဒီကနေ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းရာစဉ် ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

"တရုတ်ပြည်ဆိုတာ ကျမတို့ရဲ့ အိမ်နီးခြင်းနိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ၊ အိမ်နီးခြင်းနိုင်ငံများရဲ့ ဆက်ဆံရေးဆိုတာ အဝေးနိုင်ငံများရဲ့ ဆက်ဆံရေးထက် အများကြီးပိုပြီးသိမ်မွေ့ပါတယ်၊ သိမ်မွေ့တဲ့အလျှောက် ကျမတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် တိတိကျကျ ကျမတို့ဆက်ဆံသွားမှာပါ၊ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာ လုံးဝမရှိပါဘူး"

မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်မှုရှိနိုင်ပြီး မှန်ကန်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အကောင်ထည်ဖော်မယ့် စနစ် အရ နိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုတာကို ပွင့်လင်းမြင်သာစွာနဲ့ ထင်ထင်ရှားရှားပြနိုင်ရင် နိုင်ငံတကာက ယုံကြည်မှုရှိလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှာ ဖြစ်တယ်လို့လည်း တွေ့ဆုံမေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံမေးမြန်းချက်ဟာ ရွေးကောက်ပွဲအပြီး တရုတ်အစိုးရပိုင် သတင်းမီဒီယာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းမှုလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တရုတ်နဲ့ဆက်ဆံရေး အထူး အလေးပေးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော   တရုတ်နဲ့ဆက်ဆံရေး အထူး အလေးပေးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.