ရုရှားက တူရကီနိုင်ငံနယ်စပ်အနီး၌ တစ်ရပ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်

ဒမတ်စကတ် ၊ ၂၇-၁၁-၂ဝ၁၅

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီနိုင်ငံနှင့် နယ်စပ်အနီး အလက်ပို ပြည်နယ်ရှိ စစ်သွေးကြွ များ၏ ပစ်မှတ်များကို နိုဝင်ဘာ ၂၅ ရက်တွင် လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း Al-Mayadeen ရုပ်မြင်သံကြား ဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၂၅ ရက် နှောင်းပိုင်းက ပြုလုပ်ခဲ့သော အဆိုပါ လေကြောင်း တိုက်ခိုက်မှု များသည် တူရကီနိုင်ငံနှင့် နယ်စပ်အနီးမှ အဇက်မြို့ရှိ သောင်းကျန်းသူ များကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အလက်ပို ပြည်နယ် မြောက်ပိုင်းရှိ စစ်သွေးကြွ များ၏ ပစ်မှတ်များကို ပဲ့ထိန်းဒုံးကျည် များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် ရုရှားတပ်ဖွဲ့ဝင် များသည် တူရကီနိုင်ငံ နယ်စပ်မှ အလက်ပို ပြည်နယ် မြောက်ပိုင်းရှိ အယ်လ်ရှမ် လှုပ်ရှားမှုအဖွဲ့နှင့် နျူဆရာတပ်ဦး အဖွဲ့တို့ထံသို့ လာရောက်လျက် ရှိသော စစ်လက်နက် ပစ္စည်း ပို့ဆောင်ရေး အဖွဲ့ကို လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တူရကီ နယ်စပ်အနီးရှိ စစ်သွေးကြွ များ၏ ပစ်မှတ်များကို ဆီးရီးယားနှင့် ရုရှားတပ်ဖွဲ့ဝင် များက ဒုံးပစ်လောင်ချာ များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ရုရှား၏ တိုက်လေယာဉ် တစ်စင်းအား တူရကီလေတပ်က ပစ်ချခဲ့ပြီးနောက် ရုရှားနိုင်ငံက ယခုကဲ့သို့ တိုက်ခိုက်မှု များကို အရှိန်တိုးမြှင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး တူရကီနိုင်ငံ၏ အဆိုပါ လုပ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်လာကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ရုရှားက တူရကီနိုင်ငံနယ်စပ်အနီး၌ တစ်ရပ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်   ရုရှားက တူရကီနိုင်ငံနယ်စပ်အနီး၌ တစ်ရပ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ် Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.