"မိဘပြည်သူများသို့ ကျေူးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ချက်"


၁။ ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာ ၈ ရက်နေ တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ် အေးချမ်း အောင်မြင်စွာ ကျင့်းပနိုင်ခဲ့ပါသည်။ ထိုသို့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံသားတာဝန် ကျေပွန်စွာ ပါဝင်မဲပေးခဲ့ကြသော တိုင်းရင်းသား မိဘပြည်သူများအားလုံး၊ အောင်မြင်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် တာဝန်ဆောင်ရွက်ခဲ့ကြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ကော်မရှင်များ၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး တတ်နိုင်မျှ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသော တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများ၊ ရွေးကောက်ပွဲအထူးရဲများ၊ လေ့လာစောင့်ကြည်မှုများ ဆောင်ရွက်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ဂုဏ်သိက္ခာ ရှိရှိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အားလုံးကို နိုင်ငံတော်နှင့် နိုင်ငံသားများ ကိုယ်စား ကျေးဇူး ဥပကာရ အထူးပင် တင်ရှိပါသည်။

၂။ လက်ရှိအချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီက လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင်နေသဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန် စွမ်းဆောင်ခဲ့သော ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အောင်မြင်မှုကို လှိုက်လှဲဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

၃။ နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများ၏ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၎။ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် တွေ့ ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

၅။ ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
"မိဘပြည်သူများသို့ ကျေူးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ချက်"  "မိဘပြည်သူများသို့ ကျေူးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ချက်" Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.