သံဖြူဇရပ်-ရေး ကားလမ်းပေါ် ကားတိမ်းမှောက်မှု ဖြစ်ပွား


 သံဖြူဇရပ် နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်၌ နိုဝင်ဘာ(၈)ရက်နံနက်(၈း၃၀)အချိန်က ၀ဲဝင်ကရာ ကျေးရွာအုပ်စု၊ ဖဲပဒေါကျေးရွာမှ ၀ဲဘိုးတောင်ကျေးရွာ မဲရုံသို့မဲထည့်ရန် လာရောက်စဉ် ဦးထွန်းရှိန် (သ)(၅၈)နှစ်၊(ဘ)ဦးသိန်း၊ ၀ဲဘိုးတောင်ကျေးရွာနေသူ မောင်းနှင်းလာသော ယာဉ်အမှတ်(2G/-----) ယာဉ်သည် မိုင်တိုင်အမှတ်(၄၈/၁)နှင့် (၄၈/၂)အကြား သံဖြူဇရပ်-ရေးသွား လမ်းပေါ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၄)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၁)ဦးဒဏ်ရာ ရရှိပြီး ကျား(၂)ဦး၊ မ(၁)ဦးပေါင်း (၃)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၁၁)ဦးအား သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

(မြို့နယ်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သံဖြူဇရပ်-ရေး ကားလမ်းပေါ် ကားတိမ်းမှောက်မှု ဖြစ်ပွား   သံဖြူဇရပ်-ရေး ကားလမ်းပေါ် ကားတိမ်းမှောက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.