လဲချားဗုံးကွဲမှု ကလေး နှစ်ယောက်သေဆုံး လက်လုပ်ဒိုင်းနမိုက်မိုင်းဖြစ်နိုင်

ဓါတ်ပုံ- ညီအမ ၂ ဦးအလောင်းအားသဂြိုဟ်ပေးရန် အလှူပြုနေစဉ်
 နိုဝင်ဘာ ၁၇ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် လဲချားမြို့နယ်တွင် ပြင်းထန်သည့် ဗုံးကွဲ မှု တခုဖြစ်ပွါးရာ ကလေး နှစ်ယောက် ပွဲချင်းပြီး သေဆုံး သည်ဟု သိရသည်။

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီ ခွဲ ခန့်က လဲချားမြို့ အရှေ့ဘက် မတ်လန်း ကျေးရွာ နေ အဖ ဦးညီညီ အမိ ဒေါ်နန်းကြိုင် တို့၏ သမီး အသက် ၁၃ နှစ်အရွယ် မရွှေရင်ဦး နှင့် အသက် ၈ နှစ် အရွယ် မစမ်းစမ်းဦး တို့ညီအမ ဘက်ထရီအိုးသဏ္ဌန်ရှိ အရာဝတ္ထု ပစ္စည်းတခု ကောက်ယူ လာကာ ဆော့ ကစား ရင်းပေါက်ကွဲရာမှ နှစ်ဦးစလုံးနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွား သည် ဟုသိရသည်။

“ရဲအရာရှိဘက်ကတော့ ဒါလက်လုပ် ဒိုင်းနမိုက် မိုင်းအမျိုးအစားဘဲလို့ ပြော တယ်။ အသေးစိတ်ကိုတော့ ဆက်လက် စစ်ဆေးနေ တဲ့။ သေဆုံးသွားတဲ့ ကလေး ၂ ယောက် လုံး အလောင်းကိုလဲ မနေ့ကတည်း က အဲဒီ့အနားမှာဘဲ မီးသင်္ဂြိုလ်လိုက်တယ်” - ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးေ ကာက် ပွဲ အနိုင်ရအမတ် လဲချားမြို့ ကျားခေါင်းပါတီ ဥက္ကဌ စိုင်းမွန်းက ပြော သည်။

အဆိုပါညီအမမှာ ပြင်းထန်သောမိုင်းပေါက်ကွဲမှုကြောင့် တစစီပြတ် ထွက် သေဆုံးခဲ့ရ ကြောင်းလည်းသိရသည်။

ဦးညီညီ နှင့် ဒေါ်နန်းကြိုင် တို့သည် မိသားစု ဝမ်းရေးအတွက် မတ်လန်း တံတား အထက်ပိုင်း နမ့်တိန်းချောင်းဘေးတွင် တဲထိုးကာ ချောင်းမှသဲစုပ်ေ ရာင်းသည်ဟုဆိုသည်။

လဲချားမြို့တွင် အောက်တိုဘာ ၁၈ ရက်ကလည်း သျှမ်းအမျိုးသား သမိုင်း ပညာရှင် ဒေါက်တာစိုင်းဆန်အိုက်၊ ကာတွန်း နှင့် စာရေး ဆရာ ဒေါက်တာ စိုင်းစံဖေ၊ စာပေ ပညာ ရှင် ဆရာကြီး စိုင်းဖှ နှင့် ဆရာစိုင်းဖုန်းခေါင် တို့ စာပေဟောပြောပွဲ ပြုလုပ်စဉ်ကလည်း ထိုကဲ့သို့ ပေါက် ကွဲမှုများဖြစ်ပွားခဲ့ပါေ သး သည်။ သို့သော် ထိုစဉ်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ မရှိပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
လဲချားဗုံးကွဲမှု ကလေး နှစ်ယောက်သေဆုံး လက်လုပ်ဒိုင်းနမိုက်မိုင်းဖြစ်နိုင်   လဲချားဗုံးကွဲမှု ကလေး နှစ်ယောက်သေဆုံး လက်လုပ်ဒိုင်းနမိုက်မိုင်းဖြစ်နိုင် Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.