မြောင်းမြမြို့နယ်တွင် အလှူပွဲ၌ အစာအဆိပ်သင့်မှုဖြစ်ပွား


 မြောင်းမြ နိုဝင်ဘာ ၁၇

 ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် သဇင် ကုန်းကြီးကျေးရွာအုပ်စု မဒမ-လင်းဒိုင်းကျေးရွာတွင် ကျေးရွာ ကထိန်အလှူပွဲမှ ကျွေးမွေးဧည့်ခံမှုကို စားသောက်ခဲ့ကြသော ကလေးငယ်များ မူးဝေအော့အန် ဝမ်းသွားမှုဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်က မြောင်းမြပြည်သူ့ ဆေးရုံသို့ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
''အသက်(၁၂) နှစ်အောက်ကလေးတွေ အများစုဖြစ် တာပါ။ အစာဓာတ်မတည့်မှုခေါ်မှာပါ။ အဲဒီက အစား အစာ နမူနာကိုလည်း ရန်ကုန်မြို့ ဓာတုဗေဒဝန်ရုံးကို ပေးပို့ထားပါတယ်။ ဆေးရုံကိုရောက်လာတာနဲ့ လိုအပ်တဲ့ ဆေးထိုး၊ ဆေးပေးမှုတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင် ရွက်ပေးခဲ့ပါတယ်။ အစားအစာများကိုလည်း သန့်ရှင်း စွာပြင်ဆင်ပြီး လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေး စားသောက်ကြဖို့ ပညာပေးပြောပြရပါတယ်'' ဟု မြောင်းမြ မြို့ ခုတင်(၂ဝဝ) ပြည်သူ့ဆေးရုံကြီးမှ ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ရီရီခိုင်က ပြောပြသည်။

မြောင်းမြ ခုတင်(၂ဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ဖြစ်စ မှ ညအချိန်အထိ အတွင်းလူနာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁ဝ နှင့် ပြင်ပလူနာ အမျိုးသား ၁၅ ဦး ၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း လူနာ ၆၂ ဦးတို့ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း ဆေးရုံအုပ် ဒေါက်တာ ဝါဝါယဉ်က ပြောခဲ့သည်။

မြို့နယ်ကျန်းမာရေးမှူး ဦးသန်းဌေးနှင့် ကျန်းမာရေး ဝန်ထမ်းများကလည်း အဆိုပါ ကျေးရွာသို့သွားရောက် ကာ ကျေးရွာတွင်းရှိ လူနာ ၃၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ရွာသူရွာသားများအား အစား အသောက်နှင့် ပတ်သက်၍ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြောင်းမြမြို့နယ်တွင် အလှူပွဲ၌ အစာအဆိပ်သင့်မှုဖြစ်ပွား   မြောင်းမြမြို့နယ်တွင် အလှူပွဲ၌ အစာအဆိပ်သင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.