မန္တလေးတိုင်း သပိတ်ကျင်းတွင် ရွေအမြင်ခဲများ တွေ့ရှိ၍ ဒေသခံများ လာရောက်သဖြင့် စည်ကားနေ


သပိတ်ကျင်းမြို့နယ် ဇရက်ကွင်းကျေးရွာ အုပ်စု။ကျောက်ဖြူ ကျေးရွာတွင် နိုဝင်ဘာ ၂၁-ရက်နေ့က MPTမှာမြေအောက် ကေဘယ်ကြိုးများသွယ်တန်း ရန် မြေသားများတူးဖေါ်စဉ် ရွေအမြင်ခဲများတွေ့ရ သဖြင့်
ဒေသခံများလာရောက်ကြသဖြင့် စည်ကားနေကြောင်း သပိတ်ကျင်းမြို့ခံတစ်ဦးက အတည်ပြုပြောကြားသည်။

“ထွက်တာတော့ ဟုတ်တယ်ဗျ။ရွာနီးပတ်ဝန်းကျင်ကလူတွေကလည်း ကျွန်တော့ဆီဖုန်းဆက်ပြော တယ်။ ကျွန်တော်ကတော့ မအားလို့ မသွားတော့ဘူး။”ဟု သပိတ်ကျင်းမြို့ခံ ကိုကျော်သူရက ပြောသည်။

ရွေအမြင်ခဲမှာ သန့်စင်ရန် အဆင့်များစွာမလိုတော့သည့် အနေအ ထားေ ကာင်းမွန်သော ရွေများကို ရွေလုပ်သားများအခေါ်အဝေါ်ဖြစ်ပြီး နီးစပ်ရာကျေးရွာများမှ လာရောက်တူးဆွနေကြကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျွန်းပင်ပေါက်များအကြား တူးဆွကြခြင်းကြောင့် စိုက်ပျိုးထားသည့် ကျွန်းပင်ပေါက်များ ပျက်စီးစရာအကြောင်းရှိပြီး ဒေသအာဏာပိုင်များအနေဖြင့် ယင်းကိစ္စအား မည်သို့ ဆောင်ရွက်သွားမည်ကို ဆက်သွယ်မေးမြန်းသော်လည်း ခေါ်ယူ၍ မရခဲ့ပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးတိုင်း သပိတ်ကျင်းတွင် ရွေအမြင်ခဲများ တွေ့ရှိ၍ ဒေသခံများ လာရောက်သဖြင့် စည်ကားနေ  မန္တလေးတိုင်း သပိတ်ကျင်းတွင် ရွေအမြင်ခဲများ တွေ့ရှိ၍ ဒေသခံများ လာရောက်သဖြင့် စည်ကားနေ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.