သိန်းထီဆု ကယားမှာအလိမ်ခံရ


 နိုဝင်ဘာလ ၁၇ ရက် ၊ ဖဲဘီး

 ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါလောခူကျေးရွာမှ ရွာသားတစ်ချို့ကို မဝင်းဝင်းခိုင်အမည်ဖြင့် မှတ်ပုံတင် ကိုင်ဆောင်ထားသည့်အမျိုးသမီးတစ်ဦးက ထီလက်မှတ်များရောင်းပြီး ငွေများကို လိမ်လည်သွားခဲ့သည်ဟု ဒေါလောခူကျေးရွာအတွင်းရေးမှူး ဦးဖရေရယ်က ကန္တာရဝတီတိုင်းမ်ကို နိုဝင်ဘာလ ၁၄ ရက်တွင်ပြောသည်။

မိမိသည် မိုးယံ (ရွှေလမင်းနှင့် မြဆုကုဋေ) ကုမ္ပဏီမှ မဝင်းဝင်းခိုင်ဟု မိတ်ဆက်ပြောဆိုပြီး စက်တင်ဘာလကတည်းက ဒေါလောခူကျေးရွာတွင် ထီလက်မှတ်များအား ၂၀ စောင်လျှင် ၆၅၀၀၀ ကျပ်ဖြင့်လာရောက်ရောင်းချခဲ့သည်ဟု ဦးဖရေရယ်က ပြောပါသည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး ရွားများမှ ဖုန်းဖြင့်ဓါတ်ပုံရိုက်ထားသည့် မိုးယံ (ရွှေလမင်းနှင့် မြဆုကုဋေ)စာစောင်ပါ Hot Line ဖုန်းနံပါတ်ကို ခေါ်ဆိုရာတွင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။



မဝင်းဝင်းခိုင်သည် အောက်တိုဘာလ ဒုတိယအပတ်အတွင်းတွင် ဒေါလောခူကျေးရွာကို ပြန်လာပြီး ဒေါလောခူမှ ထီစာစောင်ဝယ်ထားသူ လေးယောက်က ထီပေါက်သွားပြီဟုဆိုပြီး ဆုသွားထုတ်ပေးရန် တစ်ယောက် ၂၉၅၀၀၀ ကျပ်ပေးရမည်ဟု တောင်းဆိုခဲ့ရာ ရွာသားနှစ်ယောက်ဖြစ်သည့် က ပေးလိုက်ကြကြောင်း ဦးဖရေရယ်မှ ဆက်ပြောသည်။

"အောက်တိုဘာ ၂၅ ရက်နေ့မှာ ဆုယူလာပေးမယ်...၊ ကုမ္ပဏီလူကြီးတွေပါ လာမယ် အခမ်းအနားနဲ့ လာလုပ်ပေးမယ်အဲလို ပြောပြီး ပြန်မလာတော့ဘူး။ " ဟု ဦးဖရေရယ်က ပြောသည်။

သို့သော် သူမပြောထားခဲ့သည့် အောက်တိုဘာလ ၂၅ ရက်အပြင် ယခုအချိန်ထိ မဝင်းဝင်းခိုင်မရောက်လာဘဲ သူမပေးထားခဲ့သည့်ဖုန်းနံပါတ်များလည်း ဆက်သွယ်၍မရသဖြင့် ရွာသားများအလိမ်ခံရကြောင်း သိရသည်ဟုပြောသည်။

ရွာသားများမှ ဖုန်းဖြင့်ရိုက်ထားသည့်ပုံများအရ မဝင်းဝင်းခိုင်၏ နေရပ်လိပ်စာသည် ဆပ်သားတော၊ မှော်ဘီမြို့ဖြစ်ပြီး၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား - ၁၂/ရပသ(နိုင်)၀၇၄၄၂၄ ကိုင်ဆောင်ထားသည်ဖြစ်သည်။

လွန်ခဲသည့် နှစ်များတွင်းလည်း မာခရောရှေ့ကျေးရွာ နှင့် ခိုရခူကျေးရွာဘက်များတွင် အလိမ်ခံခဲ့ကြ ရသည်ဟု သိရသည်။

၎င်းသည် တစ်ဦးတည်းလာခြင်းမဟုတ်ဘဲ ဆိုင်ကယ်များဖြင့် နှစ်စီး ၊ သုံးစီး အဖွဲ့လိုက် အမျိုးသားများလည်း ပါရှိပြီး အိမ်ထဲတွင်မဝင်ဘဲ အပြင်တွင် ရပ်စောင့်နေခဲ့ကြသည်ဟု သိရသည်။

မဝင်းဝင်းခိုင်ဟု မိတ်ဆက်ပြီး မှတ်ပုံတင်ပါပြထားသည့်အတွက် ဒေသခံ ရွာသားများက သက်သေအဖြစ် ဓါတ်ပုံများ မှတ်တမ်းတင်ထားသည့် ပုံဖြစ်သည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
သိန်းထီဆု ကယားမှာအလိမ်ခံရ   သိန်းထီဆု ကယားမှာအလိမ်ခံရ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.