ဇင်ဘာဘွေနိုင်ငံ အတိုက်အခံ ခေါင်းဆောင်က မြန်မာပြည်သူများ၏ အောင်ပွဲအတွက် ၀မ်းမြောက်အားရမိကြောင်း ပြောကြား


 မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရပါတီ ကျဆုံးခြင်းက ဇင်ဘာဘွေနိုင်ငံတွင်လည်း တစ်နေ့နေ့တွင် သမ္မတ မူဂါဘီနှင့် သူ၏ ပါတီလက်အောက်မှ လွတ်မြောက်မည်ဟု ပြဆိုနေခြင်းဖြစ်သည်ဟု Welshman Ncube ဦးဆောင်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ဇင်ဘာဘွေအတိုက်အခံလှုပ်ရှားမှုအဖွဲ့ (Zimbabwe’s opposition Movement for Democratic Change - MDC) က ပြောကြားလိုက်ပါသည်။

Welshman Ncube က မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ယူစရာ သတင်းစကား တစ်ရပ် ဖြစ်ကြောင်း ကျူးဘီက ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း နိုင်ငံနှင့်အ၀ှမ်း အနိုင်ရခဲ့ပြီး ဖြစ်သည်။ သို့သော် စစ်တပ်က ရွေးကောက်ပွဲရလဒ်များကို လျစ်လျူရှုခဲ့ပြီး အာဏာကို နည်းမျိုးစုံဖြင့် ပုံစံပြောင်း ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။

”အဆုံးသတ်တွင် လူထုအာဏာကသာ လွှမ်းမိုးလိမ့်မည်” ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲက ပြသနေသည်ဟု Welshman Ncube က ပြောသည်။ ”ပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း သမ္မတမူဂါဘီရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုအောက်မှာ လူတွေက ထိခိုက်ခံစားရ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုဟာ အဆုံးသတ်မှာ လူထုအာဏာကသာ အနိုင်ရလိမ့်မယ်လို့ ဇင်ဘာဘွေလူထုကို သတိပေးလိုက်တာပါဘဲ” ဟု Welshman Ncube က ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဇင်ဘာဘွေသည် ဗြိတိသျှကိုလိုနီတို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၈၀ ခုနှစ်မှ စ၍ ဇင်ဘာဘွေသည် မူဂါဘီ၏ ခေါင်းဆောင်မှုအောက်တွင် နေထိုင်ခဲ့ရခြင်းဖြစ်သည်။

PKT
Ref - New Zimbabwe
The Ladies News Journal
https://www.facebook.com/News.TheLadies
ဇင်ဘာဘွေနိုင်ငံ အတိုက်အခံ ခေါင်းဆောင်က မြန်မာပြည်သူများ၏ အောင်ပွဲအတွက် ၀မ်းမြောက်အားရမိကြောင်း ပြောကြား   ဇင်ဘာဘွေနိုင်ငံ အတိုက်အခံ ခေါင်းဆောင်က မြန်မာပြည်သူများ၏ အောင်ပွဲအတွက် ၀မ်းမြောက်အားရမိကြောင်း ပြောကြား Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.