ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီအပြတ်သတ် အနိုင်ရ


ကျောက်ဖြူ၊ နိုဝင်ဘာ ၁၀

ကျောက်ဖြူတွင် နိုဝင်ဘာလ ၉ ရက် ညနေ ၈ နာရီ မြို့ နယ်ရွေးကောက်ပွဲကော်မရှင် မဲစာရင်းရလဒ် အရ ရခိုင်အမျိုးသားပါတီ အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ဦးဘရှိန် က ၂၇၁၃၈ မဲ၊ ပြည်နယ်လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်မြေတွင် ရခိုင်မျိုးသားပါတီမှ ဦးကျော်လွင် က ၁၃၁၈၅ မဲ၊ ပြည်နယ် လွှတ်တော် အမှတ်(၂) မဲဆန္ဒ နယ်မြေတွင် ရခိုင်အမျိုးသားပါတီမှ ဦးဖိုစံ က ၁၃၄၁၂ မဲ ဖြင့် အသီးသီး အနိုင်ရသွားကြသည်။

အမှတ်(၁၀) အမျိုးသားလွှတ်တော်နေရာကို ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်နှစ်ခုပေါင်း မဲရလဒ် စာရင်းကို နိုင်ဝင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဟုသိရသည်။

အမှတ်(၁၀)အမျိုးသားလွှတ်တော်နေရာကို ရခိုင်အမျိုးသားပါတီမှ ဦးကျော်သန်း က မဲ ၁၀၀၀၀ကျော်ဖြင့် အနိုင် ရသွားကြောင်း ရွေးကောက်ပွဲ မြို့နယ်ကော်မရှင် ဥက္ကဌက ပြောသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews
ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီအပြတ်သတ် အနိုင်ရ   ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီအပြတ်သတ် အနိုင်ရ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.