ဟားခါး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား


ဟားခါး နိုဝင်ဘာ၂၃

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၃၉၅) ဦးယောနသန်နေအိမ်တွင် နိုဝင်ဘာ ၂၂ ရက် ည ၁၀း၄၀ ချိန်က ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူ ၅ ဦးသေဆုံး၍ဒဏ်ရာရရှိသူ (၇)ဦးအား
ပြည်နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိ ကြောင်း၊ အခင်းဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဦးယောနသန်၏ ဟိုင်မွာလ်ဂျစ်ကား ယာဉ် အမှတ်(၇ခ/၂၂၀၁) တစ်စီး Kung Long အမျိုးအစားယာဉ် CHN/1F-9435 တစ်စီး နှင့် မော်တော်ဆိုင်ကယ်တစ်စီးပျက်စီးခဲ့ပြီး ၄င်းအိမ်၏ ဝဲဘက်ရှိ ဒေါ်နုထောင်းပိုင် အုတ်ညှပ် နှစ်ထပ်၊ မျက်နှာချင်းဆိုင်ရှိ ဦးနှီာရ်ဘိခ်ပိုင် ပျဉ်ထောင်(၂)ထပ်၊ လက်ဝဲဘက်ရှိ ဦးရာလ်အွယ်ပိုင် ပျဉ်ထောင်(၂)ထပ် ပျက်စီးကာ သေဆုံးသူများမှာ အခင်းဖြစ်သည့် ဦးယောနသန်နေအိမ် အောက်ထပ် ငှားရမ်းသူများဖြစ်ကြောင်း သိရသည်။


အဆိုပါ အခင်းဖြစ်ပွားသည့် နေရာသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် တာဝန်ရှိသူများ သတင်း ရလျှင်ရချင်း ချက်ချင်း ရောက်ရှိ စစ်ဆေးခဲ့ကြပြီး ယင်းအခင်းဖြစ်ပွားသည့် နေအိမ်နှင့် အနီးတစ်ဝိုက်အား အုပ်ချုပ်ရေး အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဗျူဟာ(ဟားခါး)တို့မှ ပူးပေါင်း၍ လုံခြုံရေးဆောင် ရွက်လျက်ရှိပြီး တရားခံ ဖော်ထုတ် ဖမ်းဆီး ရရှိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

( ဟားခါးခရိုင် ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဟားခါး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား  ဟားခါး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.