မဲအနိုင်အရှုံးရလာဒ် အားလုံးနီးပါး တရားဝင်ထွက်လာခဲ့ပြီ

NLD ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့် အမျိုးသား နဲ့ ပြည်သူ့ လွှတ်တော် နေရာ တွေ မှာ ၈၀% နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော် တွေ မှာ ၇၅% အနိုင်ရ ရှိခဲ့ ပါတယ်။ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆီက ရွေးကောက်ပွဲ ရလာဒ်တွေ အားလုံး နီးပါး ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေ ညနေပိုင်းက ကြေညာ ခဲ့တဲ့ ရလာဒ်တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့် အမျိုးသား နဲ့ ပြည်သူ့ လွှတ်တော် နေရာ တွေ မှာ ၈၀% နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော် တွေ မှာ ၇၅% အနိုင်ရ ရှိခဲ့ ပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင် ဆီ ကနေ ပြည်ထောင်စု အဆင့် အတွက် စုစုပေါင်း ၃ နေရာနဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော် ၄ နေရာ အတွက်သာ ရလာဒ် ထွက်လာဖို့ လိုပါတော့တယ်။

NLD ပါတီ နေရာ အများစု ရရှိ လိုက်တဲ့ ပြည်ထောင်စု လွှတ်တော်သစ် မပေါ်ပေါက် ခင်မှာပဲ လက်ရှိ လွှတ်တော် သက်တမ်း ရဲ့ အဆုံးသတ် ၁၃ ကြိမ်မြောက် အစည်းအဝေး တွေကို နိုဝင်ဘာ ၁၆ ရက် တနင်္လာနေ့ မှာ ပြန်လည် စတင် ဖို့ စီစဉ်ထား ပါတယ်။

အဲဒီ အစည်းအဝေးတွေ မှာ ဝန်ကြီး ဌာန တွေ ရဲ့ နှစ်လယ် အသုံးစားရိတ် ဘတ်ဂျက် တွေ ကို သုံးသပ် အတည်ပြု ဖို့ ကလွဲပြီး အကြိတ်အနယ် ဆွေး နွေး ရမယ့် ကိစ္စ မျိုး တွေ ရှိ မနေ ဘူး လို့ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မဲအနိုင်အရှုံးရလာဒ် အားလုံးနီးပါး တရားဝင်ထွက်လာခဲ့ပြီ  မဲအနိုင်အရှုံးရလာဒ် အားလုံးနီးပါး တရားဝင်ထွက်လာခဲ့ပြီ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.