 ရုရှားလေ​ယာဉ်​ပေါ်​ပါ​သူ ​အား​လုံး ​အ​သက်​ဆုံး


ရုရှားလေ​ကြောင်း​ပိုင် ​လေ​ယာဉ်​တစ်​စီး ​အီ​ဂျစ် ​စိုင်း​နိုင်း​ကျွန်း​ဆွယ်​အ​ပေါ်​မှာ ​ပျက်​ကျ​ပြီး ​လေ​ယာဉ်​ပေါ်​ပါ​သူ ၂၂၄​ဦး​စ​လုံး ​သေ​ဆုံး​ခဲ့​ပါ​တယ်။

ခ​ရီး​သည်၂၁၇​ယောက်​မှာ ​ယူ​က​ရိန်း​နိုင်​ငံ​သား ၃​ဦး​သာ ​ပါ​ဝင်​ပြီး ​ကျန်​တဲ့​သူ​တွေ​အား​လုံး​က ရုရှား​နိုင်​ငံ​သား​တွေ​ဖြစ်​တယ်​လို့ ​အီ​ဂျစ်​ဝန်​ကြီး​ချုပ်​ရုံး​က​အ​တည်​ပြု​ပြော​ကြား​ခဲ့​ပါ​တယ်။

ရုရှားလေ​ကြောင်း​လိုင်း ​ကို​ဂါ​လီ​မာ​ဗီ​ယာ​ပိုင် ​အ​ဆို​ပါ ​လေ​ယာဉ်​ဟာ ​ရှမ်​အယ်လ်​ရှိတ် ​အ​ပန်း​ဖြေ​ကျွန်း​က​နေ ​ရုရှား​နိုင်​ငံ ​စိန့်​ပီ​တာ​စ္စ​ဘက်​မြို့​ကို ​ဦး​တည်​ပျံ​သန်း​ရင်း​ပျက်​ကျ ​ခဲ့​တာ​ဖြစ်​ပါ​တယ်။

လေ​ယာဉ်​ကို ​အ​ကြမ်း​ဖက်​သ​မား​တွေ​က ​ပစ်​ချ​တာ​ဖြစ်​နိုင်​တယ်​ဆို​တဲ့​သ​တင်း ​တွေ​လည်း​ထွက် ​ပေါ်​နေ​ပါ​တယ်။ ​ဘာ​ကြောင့်​လေ​ယာဉ်​ပျက်​ရ​တယ်​ဆို​တာ ​တ​ရား​ဝင်​စုံ​စမ်း​စစ်​ဆေး​ဖို့​ရု​ရှ​သ​မ္မ​တ ​ဗ​လာ ​ဒီ​မာ​ပူ​တင်​က ​အ​မိန့်​ထုတ်​ပြန်​ထား​ပါ​တယ်။ ​လေ​ယာဉ်​ပေါ်​က ​ခ​ရီး​သည်၂၁၇​ဦး ​မှာ ​ခ​လေး၁၇​ဦး​နဲ့ ​လေ​ယာဉ်​အ​မှု​ထမ်း ၇​ဦး​ပါ​တယ်​လို့ ​ရုရှားဘက်​က ​အ​တည်​ပြု ​ထား​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
 ရုရှားလေ​ယာဉ်​ပေါ်​ပါ​သူ ​အား​လုံး ​အ​သက်​ဆုံး ​  ရုရှားလေ​ယာဉ်​ပေါ်​ပါ​သူ ​အား​လုံး ​အ​သက်​ဆုံး Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.