အမြင်ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက အာဃာတ ကင်းစင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ၁၀၀ ရာခိုင်နှုန်းအပြည့် အနိုင်ရရှိ ခဲ့လျှင်တောင် မည်သူ့အပေါ်မျှ အာဃာတမထားဘဲ လက်ကမ်းကြိုဆိုပြီး အတူတွဲလုပ်ချင်စိတ် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁ ရက် သုဝဏ္ဏမြို့ဦးစေတီကွင်း အတွင်း ပြုလုပ်သည့် ဟောပြောပွဲ တွင်ပြောကြားခဲ့သည်။

“တစ်ချို့ကပြောတယ် တစ်ချို့ဆိုတာ ကျွန်မတို့နဲ့အမြင်ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက အာဃာတ ကင်းစင်တယ်ဆိုတာ မယုံဘူးတဲ့ ၊ ကျွန်မတို့စဉ်းစားတယ် ဘာဖြစ်လို့မယုံပါလိမ့်လို့ သူတို့စိတ်နဲ့ သူတို့ များနှိုင်းနေလို့မယုံတာလားလို့ ကျွန်မတို့ဟာ အာဃာတ မထားဘူး ဆိုတာ တစ်နည်းမာနလို့လည်းပြောလို့ရပါတယ် ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့သိက္ခာလို့လည်း ကြည့်တယ် ဒါပေမယ့် တစ်ချို့ကလည်း မာနလို့ထင်လည်းလက်ခံပါတယ် မာနလို့ပဲပြောပြော သိက္ခာလို့ပဲပြောပြော ကျွန်မတို့ဟာအားလုံးကိုကျောသားရင်သားမခွဲ ဆက်ဆံရေးဟာ တကယ့်ကို သိက္ခာရှိတဲ့နိုင်ငံရေး အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ် လို့ဘယ်သူ့ကို မှ အာဃာတ မထားဘဲ အဖွဲ့ချုပ် ၁၀၀ ရာခိုင်နှုန်းနိုင်လို့ရှိရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူတွဲလုပ်ချင်စိတ်ရှိပါတယ်လို့ကျွန်မပြောနိုင်ပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇော်မင်းထွန်း
ဓါတ်ပုံ - AP
The Ladies News Journal
https://www.facebook.com/News.TheLadies/
အမြင်ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက အာဃာတ ကင်းစင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော  အမြင်ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက အာဃာတ ကင်းစင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.