ဆေးသုံးစွဲထားသူတစ်ဦးက မိခင်အား ဓားဖြင့် ခုတ်သတ်မှု တာချီလိတ်မြို့တွင်ဖြစ်ပွား


 တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ရွာတွင် နိုဝင်ဘာ၂၇
ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုံးစွဲသူက မိခင်ဖြစ်သူအား ဓားဖြင့် ခုတ်သတ်မှု
ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရှိရသည်။

"တရားခံက မူးယစ်ဆေးဝါး သုံးစွဲထားပြီးတော့ လူသတ်ချင်စိတ် ပေါက်နေတယ်လို့
ပြောပါတယ်။ ပထမ သူရဲ့ မိန်းမကို အရင်ဆုံး ဦးခေါင်းကို ရှစ်လက်မ အရွယ်ရှိတဲ့
ကျောက်ခဲနဲ့ နောက်စေ့တည့်တည့်ကို ထုလိုက်ပြီးတော့ သူရဲ့ နေအိမ်ကို
ပြန်လာစဉ်မှာပဲ မိခင်ဖြစ်သူကို တွေ့ရှိသွားပြီး၊ ၁၈ လက်မ အရှည်ရှိတဲ့ ဓားနဲ့
ခုတ်တာ၊ အဲ့လို အခုတ်ခံရပြီး မိခင်ဖြစ်သူက ဆေးရုံ မရောက်ခင်မှာဘဲ
သေဆုံးခဲ့ပါတယ်" ဟု တာချီလိတ် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌဦးလှမိုးက
ပြောသည်။


သေဆုံးသူမှာ အသက် ၆၀ နှစ်ရှိ ဒေါ်မီဂေါဖြစ်ပြီး ၀ဲဘက် ပါးတွင် ခြောက်လက်မခန့်
ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် ယာနောက်စေ့တွင် သုံးလက်မခန့် ပြတ်ရှဒဏ်ရာ
တစ်ချက်၊ ၀ဲလက် သူကြွယ်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိထားပြီး၊ ဒဏ်ရာများဖြင့်
ဆေးရုံသို့ ပို့ရန် ကားဖြင့် သယ်ဆောင်လာစဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်း
ဖြစ်သည်။

ဒဏ်ရာများဖြင့် သေဆုံးသွားသူ ဒေါ်မီဂေါအား ၎င်း၏ သား ၊ မူးယစ်ဆေးဝါးများ
သုံးစွဲထားပြီး စိတ်ကစဥ့်ကလျား ဖြစ်နေသူ အသက် ၂၆ နှစ်ရှိ ရေလာမီက ဓားဖြင့်
ခုတ်ခြင်းဖြစ်ကြောင်း မယ်လိတ်ပါကော်ရွာသား တစ်ဦး၏ ပြောဆိုချက်အရ
သိရသည်။

အဆိုပါ လူသတ်မှုအား တာချီိလိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်သန်းက
အမှုစစ်အဖြစ် ဆောင်ရွက်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၅၈/၂၀၁၅၊
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ဖြင့် လူသတ်တရားခံအား အမှုဖွင့် အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ဆေးသုံးစွဲထားသူတစ်ဦးက မိခင်အား ဓားဖြင့် ခုတ်သတ်မှု တာချီလိတ်မြို့တွင်ဖြစ်ပွား   ဆေးသုံးစွဲထားသူတစ်ဦးက မိခင်အား ဓားဖြင့် ခုတ်သတ်မှု တာချီလိတ်မြို့တွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.