ဥပဒေအရ သွားခွင့်ရှိရာကို သွားမယ်လို့ ကန်ဆို


တောင်တရုတ်ပင်လယ်ပြင်မှာ ​အမေရိကန် ​စစ်သင်္ဘောတစ်စင်း ​ဖြတ်သန်းတဲ့အတွက် ​တရုတ်နိုင်ငံက ​ဝေဖန်လိုက်ပြီးနောက် ​အမေရိကန်က ​နိုင်ငံတကာ ​ဥပဒေအရ ​သွားလို့ရတဲ့ ​နေရာကို ​ဆက်သွားမယ်လို့ ​တုန့်ပြန်လိုက်ပါတယ်။

အရင်တစ်ပါတ်တုန်းကပဲ ​အမေရိကန် ​စစ်သင်္ဘောတစ်စင်းဟာ ​တရုတ်နိုင်ငံက ​တည်ဆောက်နေတဲ့ ​ကျွန်းတု ​တစ်ခုနားအထိသွားပြီး ​တောင်တရုတ်ပင်လယ်ပြင်မှာ ​တရုတ်က ​လွှမ်းမိုးနေတဲ့အပေါ် ​ဆန်ကျင့်ကြောင်း ​ပြသခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ​ပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ ​နေရာမှာ ​တရုတ်က ​ကျွန်းတု ​တစ်ခု ​တည်ဆောက်နေတာ ​ဖြစ်ပါတယ်။

အမေရိကန် ​စစ်သင်္ဘောဖြတ်သန်းသွားတာကို ​မကျေနပ်လို့ ​တရုတ်အစိုးရက ​အမေရိကန် ​သံအမတ်ကို ​ဆင့်ခေါ်တဲ့အထိ ​မကျေနပ်ကြောင်း ​ပြောဆိုခဲ့ပါတယ်။

အမေရိကန် ​စစ်ဗိုလ် ​Harry ​Harris ​ကတော့ ​နိုင်ငံတကာ ​ပင်လယ်ပြင်နဲ့ ​နိုင်ငံတကာ ​ဝေဟင်ကို ​လူတိုင်းက ​ပိုင်ဆိုင်တာ ​ဖြစ်တဲ့အတွက် ​နိုင်ငံတကာ ​ဥပဒေက ​ခွင့်ပြုထားတဲ့ ​ဘယ်နေရာမှာမဆို ​အမေရိကန်က ​ဆက်လက်သွားလာနေဦးမယ်လို့ ​ပြောသွားခဲ့ပါတယ်။

အမေရိကန်ရဲ့ ​လုပ်ရပ်ကို ​ဖိလစ်ပိုင်နိုင်ငံက ​ထောက်ခံခဲ့ပြီး ​အမေရိကန်က ​ဥပဒေအတိုင်း ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့ ​ကာကွယ် ​ပြောဆိုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဥပဒေအရ သွားခွင့်ရှိရာကို သွားမယ်လို့ ကန်ဆို  ဥပဒေအရ သွားခွင့်ရှိရာကို သွားမယ်လို့ ကန်ဆို Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.