စစ်တပ်နှင့် ညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် များစွာ သတိထားရန် လိုအပ်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံမှုးဟောင်း ပြောကြား


 ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအချိန် ရှေ့ဆက်မည့် ခြေလှမ်းများကို ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်သွားရန် လိုအပ်သည်ဟု မြန်မာ့နိုင်ငံရေးနှင့် နီးစပ်သူများက ပြောကြားလျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံတမန်ဟောင်းတစ်ဦးဖြစ်သူ ရာဂျစ်ကေဘာသီယာက “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန် မသေချာမှုတွေ၊ အထိမခံတာတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ အာဏာခွဲဝေမှု ပြုလုပ်မယ့် အချိန်ဖြစ်တဲ့အတွက် အခု စတင်နေပြီဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်တဲ့အခါမှာ မြင်ကွင်းက ရှင်းရှင်းလင်းလင်း ဖြစ်လာမှာပါ” ဟု The Stateman မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA) ၏ ဂျင်နရယ်ဒါရိုက်တာဟောင်းဖြစ်သူ ရာဂျစ်က NLD သည် ရွေးကောက်ပွဲတွင် ၈၀% အနိုင်ရခဲ့သော်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ဖြေရှင်းစရာ ပြသ၁နာများစွာ ရှိနေသည်ဟု ဆိုသည်။

ရာဂျစ်ဘာသီယာက “သူက တရားဝင် သတ်မှတ်ထားတဲ့ သမ္မတ ဖြစ်ချင်ပေမယ့် ဖြစ်လို့မရတော့ အစိုးရအဖွဲ့ကို လက်တွေ့ ဦးဆောင်သူ သမ္မတ ဖြစ်ချင်တယ်။ စစ်တပ်က အခြေခံဥပဒေ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် သမ္မတအဖြစ် လက်မခံသလို သတ်မှတ်မထားတဲ့ သမ္မတအဖြစ် လက်ခံဖို့လည်း ပြသ၁နာရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အရင်ဆုံး နှစ်ဖက်ဆွေးနွေးဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

သမ္မတကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခန့်ထားရန်မှာလည်း ရှင်းလင်းသည့် လုပ်ငန်းစဉ် မဟုတ်ဟု ရာဂျစ်ဘာသီယာက ဆိုသည်။ “သူ ကြိုက်တဲ့သူကို ခန့်နိုင်ပေမယ့် တကယ်က အဲဒီလောက် မရိုးရှင်းပါဘူး။ စစ်တပ်က ဆန့်ကျင်မှု ပြုလုပ်နိုင်တာက ခက်ခဲတဲ့ အမှန်တရားပါ” ဟု ယင်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစု အနိုင်ရထားသည့် NLD က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ ကိုယ်စားပြု၍ သမ္မတလောင်း ၂ ဦး ရွေးချယ်ခွင့် ရရှိမည်ဖြစ်သည်။ လွှတ်တော် ၂ ရပ်လုံးတွင် ၂၅% စီ နေရာယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ စုပေါင်း၍ သမ္မတလောင်းတစ်ဦး တင်ခွင့်ရမည်ဖြစ်သည်။

NLD သည် အများစု ပါတီအဖြစ် လုပ်ပိုင်ခွင့် ကြီးကြီးမားမား ရရှိထားသဖြင့် စစ်တပ်ကိုယ်စားလှယ်များက တင်သွင်းသည့် သမ္မတလောင်းသည် သမ္မတဖြစ်လာမည်မဟုတ်ဟု ရာဂျစ်ဘာသီယာက ဆိုသည်။

“NLD က ငြင်းဆန်ရင် စစ်တပ်က အခက်တွေ့မှာပါ” ဟု “အိန္ဒိယ-မြန်မာဆက်ဆံရေး ၊ ပြောင်းလဲနေသော ကောက်ကြောင်း” စာအုပ်ကို ရေးသားခဲ့သည့် ရာဂျစ်ဘာသီယာက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အခြားပြသ၁နာတစ်ရပ်မှာ အစိုးရအဖွဲ့ကို မည်သို့ မောင်းနှင်မည်၊ လုပ်ငန်းတာဝန်များကို မည်သို့ ခွဲဝေမည်၊ စာရင်းများကို ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်နှင့် ဘုံစာရင်းအဖြစ် ခွဲခြားခြင်း ပြုမပြု စသည်တို့ ဖြစ်သည်ဟု ရာဂျစ်ဘာသီယာက ဆိုသည်။

ဒေလီမြို့ ဂျမီယာမီလီယာ တက္ကသိုလ်၊ အရှေ့မြောက်ပိုင်း လေ့လာရေးစင်တာမှ ဒါရိုက်တာ ဆန်ဂျိုင်းဟာဇာရီကာက “စစ်တပ်က အလွန်အာဏာရှိနေပါတယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားမယ်လို့ စစ်တပ်က ပြောနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂရုတစိုက်နဲ့ ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားလိုပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ဂရုတစိုက် လုပ်ရမယ့်ကိစ္စပါ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် အနိုင်ရပါတီ ခေါင်းဆောင်အနေဖြင့် အစိုးရအပေါ် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မည်သို့ ထိန်းချုပ်မည်ဆိုသည်နှင့် အားလုံးက လက်ခံမည့် နေရာတစ်ခုကို မည်သို့ရယူမည် ဆိုသည်မှာ အရေးကြီးသည်ဟု ပြောကြားသည်။

လွှတ်တော်နှစ်ရပ်နှင့် စစ်တပ်က ရွေးချယ်လိုက်သည့် သမ္မတလောင်းများ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးသည့် သီးခြားကော်မတီတစ်ခုရှိပြီး လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနှင့် ဒုဥက္ကဋ္ဌ ၂ ဦးတို့ ပါဝင်သည်။ ရာဂျစ်ဘာသီယာက “ဒီကော်မတီဝင် ၄ ဦးလုံးကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်နိုင်ပါတယ်။ ဒီကော်မတီက ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသား ခင်ပွန်းက ကွယ်လွန်သွားပြီဖြစ်ပြီး သား ၂ ဦးကို မွေးဖွားစဉ်ကတည်းက လန်ဒန်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှာ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ခဲ့ခြင်းကြောင့် သမ္မတအဖြစ် အရည်အချင်း ပြည့်စုံတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် အခြေအနေက အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု ပြောကြားသည်။

“တကယ်လို့ နှစ်ဖက်လုံး ဆွေးနွေးညှိနှိုင်းလိုစိတ်ရှိပြီး လောဘမကြီးဘူးဆိုရင် အလုပ်ဖြစ်မှာပါ” ဟု ရာဂျစ်ဘာသီယာက ပြောကြားခဲ့သည်။

KHTun
Ref : The Stateman
The Ladies News Journal
https://www.facebook.com/News.TheLadies
စစ်တပ်နှင့် ညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် များစွာ သတိထားရန် လိုအပ်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံမှုးဟောင်း ပြောကြား  စစ်တပ်နှင့် ညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် များစွာ သတိထားရန် လိုအပ်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံမှုးဟောင်း ပြောကြား Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.