ပခုက္ကူမြို့နယ်၌ ဆရာတော် တစ်ပါး ကျောင်းအတွင်း ဒဏ်ရာများနှင့် ပျံလွန်တော်မူ


ပခုက္ကူ နိုဝင်ဘာ ၂၈

ပခုက္ကူမြို့နယ် ချိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ဆရာတော် တစ်ပါး ကျောင်းအတွင်းအသတ်ခံရမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီ မိနစ် ၅ဝ က ပခုက္ကူ မြို့နယ် မြေနီတွင်းကျေးရွာနေ ဦးဝင်းနိုင်နှင့် ဒေါ်ဝင်းရီတို့နေအိမ်၌ သံဃာတော်များအားဆွမ်းကပ်ရာ ချိုင်ကျေးရွာ ရွှေဘုံသာကျောင်း၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ဦးနိယမ၊ လူအမည် ဦးသာချို၊ သက်တော် (၅၈) နှစ်၊ ဝါတော် (၃) ဝါမှာ ဆွမ်းစာြး<ွကမလာသဖြင့် ဦးဝင်းနိုင်နှင့် ဒေါ်ဝင်းရီ တို့က အဆိုပါဘုန်းကြီးကျောင်းသို့သွားရောက်၍ ဆွမ်းချိုင့်ပို့ရာ ဆရာတော် ဦးနိယမမှာ ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်အား သတ်သွားသူကို စုံစမ်း ဖော်ထုတ်အရေးယူပေးပါရန် ဦးသန်းငွေက တရားလိုပြုတိုင်ကြားခဲ့သော ကြောင့် ပခုက္ကူမြို့နယ် ကမ္မနယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။

 ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ပခုက္ကူမြို့နယ်၌ ဆရာတော် တစ်ပါး ကျောင်းအတွင်း ဒဏ်ရာများနှင့် ပျံလွန်တော်မူ  ပခုက္ကူမြို့နယ်၌ ဆရာတော် တစ်ပါး ကျောင်းအတွင်း ဒဏ်ရာများနှင့် ပျံလွန်တော်မူ Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.