မရမ်းကုန်း မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား


 ရန်ကုန် နိုဝင်ဘာ ၁၇

 မရမ်းကုန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက် ပါရမီလမ်းနှင့် ဦးထွန်းငြိမ်း လမ်းထောင့်ရှိ ခြံအမှတ်(၂)တွင် MGW ဆောက်လုပ်ရေးမှ ဆောက်လုပ် လျှက်ရှိသည့် ပိုင်ရှင်ဦးဝင်းအောင်၏ ဒိုင်းမွန်းအင်းယား ပဲလေ့စ်ကွန်ဒို (၃၄) ထပ်ဆောက်လုပ်မည့် အဆောက်အဦ၏ ဆောက်လက်စ (၂၁)ထပ်နှင့် (၂၂)ထပ်ကြား ယနေ့ နံနက် ၃ နာရီခန့်က ဆလိုက်မီးပုံးခုံ ဖြုတ်ချရာမှ ၀ါယာကြိုး မီးပွားကျပြီး မီးစတင် လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင် ကျွမ်းရာ နေရာသို့ မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသန်းကျော်ကျော်မှ ဦးစီး၍ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်း သတ် ဆောင်ရွက်ခဲ့ရာ နံနက်(၀၆း၅၀)တွင် မီးငြိမ်းသွားခဲ့သည်။


မီးလောင်ကျွမ်းမှု ဖြစ်စဉ်တွင် ငါးထပ်သားအဟောင်းနှင့် ငြမ်းသစ်သား အဟောင်းများ ဆုံးရှုံးခဲ့ကြောင်း သိရပြီး မရမ်းကုန်းမြို့မ ရဲစခန်းတွင် တရားလို ဒုရဲအုပ်ဇော်လွင်မှ ဆောက် လုပ်ရေး ကြီးကြပ်ရေးမှူး ဦးဇော်မင်းထွန်း (ဘ) ဦးတင်ဝင်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မရမ်းကုန်း မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား  မရမ်းကုန်း မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.