ပခုက္ကူ ဓားထောက်လုယက်မှု

 ညဉ့်အချိန် လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသူကို ဓားဖြင့်ထောက်၍ လုယက်မှု ကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ အောက်တိုဘာ ၃၁

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ဦးဇော်သူလတ်(၄၁)နှစ်သည် ၄ယ/××××× ရင်ဇင်း-၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် မြို့ရှောင်လမ်းအတိုင်း မြို့ပြင်မှ နေအိမ်သို့ ပြန်လာစဉ် အမှတ်(၁၅)ရပ်ကွက်၊ သူကြီးတောင်ဘုန်းကြီးကျောင်းအနီး အရောက် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေခိုက် နောက်ကျောဘက် အမှောင်ရိပ် အတွင်းမှ အမည်မသိ အမျိုးသား(၂)ဦး ရောက်ရှိလာပြီး တစ်ဦးက ၎င်း၏လည်ပင်းအား သိုင်းဖက်၍ ကျန်တစ်ဦးက ဓားဟုယူဆရသော အရာဖြင့် ထောက်ကာ ၎င်း၏အင်္ကျီ အိတ်ကပ် အတွင်းမှ ငွေကျပ်(၂၅,၀၀ဝိ/−)၊ ဖုန်းဆင်းမ်ကတ်(၁)ခု၊ ဖုန်းစာချုပ်(၂)ခု၊ ခါးကြားတွင်ထိုးထားသည့် HAIEN လက်ကိုင်ဖုန်း(၁)လုံး၊ လက်တွင်ကိုင်ထားသည့် iPhone-5 လက်ကိုင်ဖုန်း(၁)လုံးနှင့် သားရေဖိနပ် (၁)ရံတို့အား လုယူထွက်ပြေးသွားခဲ့သဖြင့် ဆွေမျိုးများနှင့်တိုင်ပင်ပြီး လိုက်လံ ရှာဖွေ သော်လည်း မတွေ့ရှိသောကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လာရောက်တိုင်တန်းရာ ပခုက္ကူမြို့မရဲစခန်း (ပ)၄၁၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။ အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပခုက္ကူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မသင်္ကာတရားခံများဖြစ်သည့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်နေ ယဉ်မင်းထွေး(ခ)ဖိုးသား(၂၉)နှစ်နှင့် ဝေဖြိုးကျော်(၂၀)နှစ် တို့အား သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၆-၁၀-၂၀၁၅ ရက်နေ့ ညက သူကြီးတောင်ဘုန်းကြီးကျောင်းအနီးတွင် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသည့် ဦးဇော်သူလတ်အား အရိုးအသွား(၁၈)လက်မခန့်ရှိ ဓားဖြင့်ထောက်ပြီး ငွေကျပ်(၂၅,၀၀ဝိ/−)၊ ဖုန်းဆင်းမ်ကတ်(၁)ခု၊ ဖုန်းစာချုပ်(၂)ခုနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကို လုယူထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများကိုသိမ်းဆည်းကာ ၎င်းတို့(၂)ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပခုက္ကူ ဓားထောက်လုယက်မှု   ပခုက္ကူ  ဓားထောက်လုယက်မှု Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.