ကြိုတင်မဲပုံးသည် ပလပ်စတစ်ကြိုး နှင့် ပိတ်ထားခြင်း မရှိ



စမ်းချောင်းမြို့နယ် ကျွန်းတောတောင် ရပ်ကွက် အတွင်းရှိ မဲရုံအမှတ် ( ၃ ) တွင် ယနေ့ ၃ - ၁၁ - ၁၅ နံနက် ပိုင်းတွင် ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်ပါသည် ။

အဆိုပါမဲရုံသို့ တိုင်းဒေသကြီး စမ်းချောင်း မဲဆန္ဒနယ်အမှတ် ၂ အဖွဲ့ချုပ်ကိုယ်စားလှယ် ဦးသော်တာအောင် နေ့လည် ၁၂ နာရီခန့်တွင် ရောက်ရှိ သွားသောအခါ ကြိုတင်မဲပုံးသည် ပလပ်စတစ်ကြိုး နှင့်ပိတ်ထားခြင်းမရှိကြောင်း တွေ့ရှိရပါသည် ။

သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အား ဦးသော်တာအောင် မှ အဆိုပါ ကိစ္စရပ်မှာ မဖြစ်သင့်ကြောင်းပြောသောအခါ ပလပ်စတစ်ကြိုးဖြင့် ချည်နှောင်ပိတ်ပေးခဲ့ပါသည်။

စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့်တပြေးညီတည်း အကြောင်းကြား ကန့်ကွက်ခဲ့ပါသည်။ ဖေါ် ပြပါ ပုံအတိုင်း မှတ်တမ်း တင်နိုင်ခဲ့ပါသည် ။

Sanchaung NLD (FB)

ကြိုတင်မဲပုံးသည် ပလပ်စတစ်ကြိုး နှင့် ပိတ်ထားခြင်း မရှိ   ကြိုတင်မဲပုံးသည် ပလပ်စတစ်ကြိုး နှင့် ပိတ်ထားခြင်း မရှိ Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.