ရွေးကောက်ပွဲ မဲပေးခွင့် မရလို့ တရားစွဲ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးသူတွေ ရှိခဲ့
မဲပေးခွင့် ရတဲ့ အရည်အချင်းနဲ့ ပြည့်စုံ ကိုက်ညီ ပါလျက် နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ မှာ မဲပေးခွင့် မရခဲ့လို့ ဆိုပြီး မြင်းခြံမြို့ ကနေ ပထမဆုံး အဖြစ် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ကို တရားစွဲ အမှုဖွင့် လိုက် ပါပြီ။

မြင်းခြံ ရွေးကောက်ပွဲ စောင့်ကြည့် ရေး အဖွဲ့နဲ့ မြို့မိ မြို့ဖ တွေက ကူညီ ပေးခဲ့ပါ လျက် နဲ့ မြို့နယ် ကော်မရှင် က လျစ်လျူရှု ခဲ့မှု အပေါ် မဲပေးခွင့် ဆုံးရှုံးသူ ကိုယ်တိုင် တရားစွဲ လိုက်တာပါ။

မြင်းခြံ အမှတ် ၁၇ ရပ်ကွက် က ဒေါ်ဌေးဌေးမြင့် က သူနဲ့ အတူနေ ၂ ယောက် ပထမ အကြိမ် မဲစာရင်း မှာ မပါဝင်လို့ ကော်မရှင် မှာ လျှောက်ထား ခဲ့ပေ မယ့် နိုဝင်ဘာ ၂ ရက် နေ့ထိ ပါမလာသေး လို့ ရပ်ကွက် ကော်မရှင် ကို ထပ်မံ လျှောက်ထား ခဲ့တော့ မဲပေးခွင့် ရမယ် ဆိုပြီး ကတိပြု လိုက်တယ် လို့ သိရ ပါတယ်။

ရွေးကောက်ပွဲ နေ့မှာ မဲပေးခွင့် မရလို့ စာရင်းနဲ့ ပြန်စစ်ကြည့် တော့ ငယ်စာရင်း မှာ ပါတဲ့ အတွက် ညနေ ၄ နာရီ မထိုးခင် မဲရုံပေါက် အမြန် သွားဖို့ လွှတ်လိုက် ပေမယ့် ည ၁၂ နာရီထိ မဲ ပေးခွင့် မရ ခဲ့လို့ ခုလို တရားစွဲ တာလို့ ဒီကိစ္စ ကို မဲပေးဖို့ အချိန် ကနေ တရားစွဲဖို့ ထိ လိုက်ပါ ကူညီပေးခဲ့တဲ့ မြင်းခြံ စည်ပင် သာယာ ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဝင့်သူ က ပြောပါတယ်။

မြင်းခြံနယ် မှာ ဒီလို မဲပေးခွင့် ဆုံးရှုံးသူ ရာဂဏန်း ရှိ တယ် လို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရွေးကောက်ပွဲ မဲပေးခွင့် မရလို့ တရားစွဲ  ရွေးကောက်ပွဲ မဲပေးခွင့် မရလို့ တရားစွဲ Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.