KNU တပ်မဟာ၅ လူသစ်စုလို့ ထွက်ပြေးတာ ၂၅၀၀ ကျော်နေပြီ

အ​မျိုး​သ​မီး​တွေ ​နဲ့ ​က​လေး​တွေ ​ပါ​ဝင် ​တဲ့ ​ဒု​က္ခ​သည် ​တ​ချို့ ​ဟာ ​မြိုင်​ကြီး​ငူ ​မှာ ​ရှိ​တဲ့ ​ဇိ​န​မာန်​အောင် ​ဘု​ရား ​ဝင်း​ထဲ ​ရောက် ​နေ။
 ကရင် လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ KNU တပ်မဟာ ၅ က ကရင်ပြည်နယ် ဖာပွန် ခရိုင်ထဲ မှာ လူသစ် စုစောင်းမှု တွေ ကို အတင်းအကြပ် ပြုလုပ် နေတဲ့ အတွက် အောက်တိုဘာ လဆန်း လောက် က စပြီး ဒေသခံ ရွာသား တွေ ထွက်ပြေး နေရတာ မှာ လူ ၂၅၀၀ ကျော် အိုးအိမ်တွေ စွန့်ခွာ ခဲ့ရပြီ ဖြစ်ပါတယ်။

အမျိုးသမီးတွေ နဲ့ ကလေးတွေ ပါဝင် တဲ့ ဒုက္ခသည် တချို့ ဟာ မြိုင်ကြီးငူ မှာ ရှိတဲ့ ဇိနမာန်အောင် ဘုရား ဝင်းထဲ ရောက် နေ ကြ ပြီး ဒေသခံ တွေ က ကူညီ စောင့်ရှောက် ထားတယ် လို့ အဲဒီ့ နေရာ ကို ကိုယ်တိုင် သွားရောက် ခဲ့တဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

KNU တပ်မဟာ ၅ က လူသစ်တွေ စုစောင်းရာမှာ လူငယ် လူရွယ် သားသမီး တွေ ကို မရရှိရင် မိဘ တွေ ကိုပါ ပြန်ပေးဆွဲ သလို ဖမ်းဆီး နေလို့ ထွက်ပြေးခဲ့ရတာ ဖြစ်တယ် လို့ ယွန်းစလင်း မြစ်နားက ပြည်စုံ ရွာသူကြီး ဦးမောထ က ဘီဘီစီ ကို ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ မှာ NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ကို အစိုးရ နဲ့ လက်မှတ်ထိုး ဖို့ KNU က သဘောတူ ထားချိန် မှာ ပဲ KNU တပ်မဟာ တစ်ခု က အခုလို လူသစ် စုစောင်းမှု တွေ ပြုလုပ် လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
KNU တပ်မဟာ၅ လူသစ်စုလို့ ထွက်ပြေးတာ ၂၅၀၀ ကျော်နေပြီ  KNU တပ်မဟာ၅ လူသစ်စုလို့ ထွက်ပြေးတာ ၂၅၀၀ ကျော်နေပြီ Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.