အီရတ်ရှိ စစ်စခန်းဟောင်း ဒုံးကျည်နဲ့ အပစ်ခံရ


 ပြီးခဲ့တဲ့ည ညဥ့်နက်ပိုင်းက အီရတ်နိုင်ငံ ဘက္ကဒက်မြို့တော်အနီးမှာ ရှိတဲ့ အမေရိကန် စစ်ခြေစိုက်စခန်းဟောင်းတခု ဒုံးကျည်နဲ့ အတိုက်ခံခဲ့ရပါတယ်။ နိုင်ငံတကာလေဆိပ်နားက camp liberty လို့ခေါ်တဲ့ အဲဒီစခန်းရှိရာဆီကို အနည်းဆုံး ဒုံးကျည် ၁၅ စင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်ရှိအဲဒီစခန်းထဲမှာ အီရန်အစိုးရကို ဆန့်ကျင်တဲ့ Mujahedin အဖွဲ့ဝင် ပြည်ပရောက် အီရန်လူမျိုးတွေကို လက်ခံထားရှိထားတာဖြစ်ပါတယ်။ အခုလိုတိုက်ခိုက်ခံခဲ့ရလို့ အဲဒီစခန်းမှာရှိတဲ့ အီရန်တွေ၊ အီရတ်စစ်သားတွေ အတော်များများ သေဆုံးသွားကြတယ်ဆိုပြီး သတင်းအချို့က ဆိုပေမယ့် သီးခြားအတည်ပြုချက် မရှိသေးပါဘူး။ ဒါ့အပြင် ဘယ်အဖွဲ့ကမှလည်း ဒီတိုက်ခိုက်မှုကို သူတို့ပြုလုပ်တာဆိုပြီး ထုတ်ဖော်မပြောသေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese

အီရတ်ရှိ စစ်စခန်းဟောင်း ဒုံးကျည်နဲ့ အပစ်ခံရ   အီရတ်ရှိ စစ်စခန်းဟောင်း ဒုံးကျည်နဲ့ အပစ်ခံရ Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.