တမူးခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတားအချို့နှင့် ချဉ်းကပ်လမ်းများ ရေတွင်မျောပါ

  ဇင်းကလင်း တံတား ကျိုး လမ်းပန်း ဆက်သွယ်ရေး ယာယီပြတ်တောက်။ ဓါတ်ပုံ - Bhikkhu Aw Lay (fb)
 မုံရွာ အောက်တိုဘာ ၉

 စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တမူးခရိုင်အတွင်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ခမ်းပတ်မြို့ ကလေးဝ-ကျီကုန်း-တမူးလမ်း မိုင်တိုင်အမှတ်(၆၀/၁-၆၀/၂)အကြား တံတားအမှတ်(၁/၆၁) ကမ္မကြီး ယာယီရေနိမ့် တံတားပေ(၁၀၀)နှင့် ယာယီ ချဉ်းကပ်လမ်းပေ(၈၀)ခန့် ရေတိုက်စားမှုကြောင့် ချောင်းရေတွင် မျောပါသွားခဲ့ကြောင်းသိရသည်။

ထို့အပြင် ကလေးဝ-ကျီကုန်း-တမူးလမ်း မိုင်တိုင်အမှတ်(၇၁/၃-၅၃/၄) ကြား တံတား အမှတ်(၃/၇၁) တွီဗန်ယာယီ ရေနိမ့်တံတားပေ (၁၆၀)မှာ ချောင်းရေတိုက်စားမှုကြောင့် အောက်ခြေ ရေလယ်တိုင်တစ်တိုင် ကျောက်ခြင်းများ ပျက်စီး၍ တံတား အောက်သို့ နိမ့်ကျသွားပြီး ယာယီ ချဉ်းကမ်လမ်းပေ(၅၀)ခန့် မျောပါ ပျက်စီးသဖြင့် ယာဉ်များဖြတ်သန်းခွင့်မရတော့ကြောင်းသိရသည်။

အလားတူ ကလေးဝ-ကျီကုန်း-တမူးလမ်း မိုင်တိုင်အမှတ်(၇၃/၅-၇၃/၆)ကြား တံတား အမှတ်(၁/၇၄) တီးတိန်ယံ ယာယီ ရေနိမ့်တံတား (၁၂၀)ပေသည် အောက်ခြေကျောက်ခြင်းတိုင်များ ချောင်းရေတိုက်စား မှုကြောင့် ပြုတ်ထွက် ပျက်စီးသွားပြီး တံတားမှာ ရေတွင် မျောပါပျက်စီးခြင်း၊ ထို့အပြင် အဆိုပါလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၇၀/၀-၇၀/၁)ကြား တံတားအမှတ်(၁/၈၀)ရန်လင်းဖိုင်တံတား အရှည်(၃၆)ပေ သံကူကွန်ကရစ် တံတားသည် ကလေးဘက်အခြမ်း ရေကာနံရံ(၂၀)ပေ ကျိုးကျပျက်စီးသွားပြီး ယာဉ်ငယ်များသာ ဖြတ်သန်း သွားလာနိုင်ကြောင်းသိရသည်။

အဆိုပါ တမူးခရိုင်အတွင်း မိုးရေကြီးမှုကြောင့် တံတားများ၊ ချဉ်းကပ်လမ်းများ ပျက်စီးမှုကြောင့် ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် အချိန်မီ ပြန်လည်ပြုပြင်နိုင်ရေး ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများမှ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(တမူးခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တမူးခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတားအချို့နှင့် ချဉ်းကပ်လမ်းများ ရေတွင်မျောပါ    တမူးခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတားအချို့နှင့် ချဉ်းကပ်လမ်းများ ရေတွင်မျောပါ Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.