ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့်အဖွဲ့ အချိန်မှီနှုတ်ထွက်ပေး ရန် ကယန်းပြည် သစ်ပါတီ တောင်းဆို



 စက်တင်ဘာလ ၃၀ ရက် ၂၀၁၅

 မဲစာရင်းများမှန်ကန်ရေးမှာ ပြည်သူများတွင် တာဝန်ရှိသည်ဟု ကော်မရှင် ဥက္ကဌ၏ ပြောဆိုချက်မှာ ပြည်သူလူထု၏ မူလအခွင့်အရေးကို ထိပါးစေ သည့် ပြောဆိုချက်ဖြစ်ပြီး မဲစာရင်းများ ၁၀၀ ရာခိုင်နှုန်း မှန်ကန်မှု ရှိစေရေး အတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် တာဝန်ရှိသူများ အချိန်မှီ နှုတ်ထွက်ပေးရန် ကယန်းပြည်သစ်ပါတီမှ တောင်းဆိုလိုက်ပါသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အပစ်ရပ်တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ် သော ကယန်းပြည်သစ်ပါတီမှ ထုတ်ပြန် သည့် ကြေငြာချက်တွင် ငွေကျပ်သန်းချီ အကုန် ကျခံပြီး ၅ နှစ်ခန့် အချိန်ယူပြု စု ခဲ့သော မဲစာရင်းများ မှားယွင်းနေခြင်းမှာ ကော်မရှင်၏ ညံ့ဖျင်းမှု ကို ဖော်ပြနေသည်ဟု ပါရှိသည်။

ပုဂ္ဂိုလ်ရေးအရ ဦးတင်အေးကို မုန်းလို့ မဟုတ်ပါဘူး။ တာဝန် မယူနိုင်တဲ့ သူဖြစ်လို့ နှုတ်ထွက်ခိုင်းတာပါ ဟု ကယန်းပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အနေဖြင့် ၃၀ ရာခိုင်နှုန်းသား မဲစာရင်း မှန် ကန်သည်ဟု ၀န်ခံထားပြီး မှားယွင်းသော မဲစာရင်းမှာ မဲခိုးလိုက်ခြင်း ပင်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် အပြီးသတ်မဲစာရင်းတွင် မှားယွင်းမှုမှား မြောက်ြ မား စွာ ဖြစ်ပေါ်ခဲ့ကာ ရွေးကောက်ပွဲကော်မရှင် အပေါ် ဝေဖန်မှုများရှိနေ ခဲ့သည်။

ကယန်းပြည်သစ်ပါတီမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းဖြစ်ပြီး ဌာချုပ်မှာ ဖယ်ခုံမြို့နယ် ဆီးဘူးဒေသတွင် ရှိပါသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့်အဖွဲ့ အချိန်မှီနှုတ်ထွက်ပေး ရန် ကယန်းပြည် သစ်ပါတီ တောင်းဆို   ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့်အဖွဲ့ အချိန်မှီနှုတ်ထွက်ပေး ရန် ကယန်းပြည် သစ်ပါတီ တောင်းဆို Reviewed by THITHTOOLWIN on 04:28 Rating: 5
Powered by Blogger.