ဆီးရီးယားအလက်ပိုမြို့အနီး ကျေးရွာများ အိုင်အက်စ်စစ်သွေးကြွများက သိမ်းပိုက်


 ဘေရွတ် အောက်တိုဘာ ၁ဝ

 ရုရှားက လေကြောင်းနှင့် ရေ ကြောင်းမှ စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော် လည်း အိုင်အက်စ်စစ်သွေးကြွများ က ပြိုင်ဘက်တိုက်ခိုက်ရေးသမား များလက်မှ အလက်ပိုမြို့ မြောက် ပိုင်းအနီး ကျေးရွာများကို သိမ်းပိုက် လိုက်ကြောင်း အဆိုပါ စစ်သွေးကြွအုပ်စုက သောကြာနေ့တွင် ပြောကြား လိုက်သည်။

အမေရိကန်က အိုင်အက်စ် စစ်သွေးကြွများအား တိုက်ခိုက် နေသော ဆီးရီးယားသူပုန်များကို စစ်ရေးလေ့ကျင့်ပေးပြီး လက်နက်များ ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်း လိုက်ပြီးနောက် အဆိုပါ သတင်းထွက် ပေါ်လာခြင်းဖြစ်သည်။

အိုဘားမားအစိုးရ အနေဖြင့် လေးနှစ်ကြာ ဆီးရီးယားပြည်တွင်း စစ်ကို အပြောင်းအလဲဖြစ်ရန် ကြိုးပမ်းနေချိန် ရုရှားက ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်ကို အားပေး အားမြှောက်မှုဖြင့် ကျူးကျော် တိုက်ခိုက်မှုများပြုလုပ်လာ သည်။

အပြိုင် ဗုံးကြဲ တိုက်ခိုက်မှုများ ကြောင့် မတော်တဆဖြစ်မှုများကို ရှောင်ရှားရန်အတွက် ရုရှားက ဆီးရီး ယားစစ်ပွဲအတွင်း ဝင်ရောက်မှုကို ယခု သီတင်းပတ်ရက်ပိုင်းတွင် ဆွေးနွေးသွားနိုင်မည်ဟု မျှော်လင့် ကြောင်း ပင်တဂွန်က ပြောသည်။ ဆီးရီးယား သူပုန်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အာဆတ် ကို ဆန့်ကျင်သော သူပုန် ၃ဝဝ သေဆုံးသွားပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြော သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆီးရီးယားအလက်ပိုမြို့အနီး ကျေးရွာများ အိုင်အက်စ်စစ်သွေးကြွများက သိမ်းပိုက်   ဆီးရီးယားအလက်ပိုမြို့အနီး ကျေးရွာများ အိုင်အက်စ်စစ်သွေးကြွများက သိမ်းပိုက် Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.