အန်​အဲလ်​ဒီ ​ကိုယ်​စား​လှယ် ​ဦး​နိုင်​ငံ​လင်း ​ဓား​ခုတ်​ခံ​ရ
သာ​ကေ​တ ​မြို့​နယ်​မှာ ​ကြာ​သ​ပ​တေး ​ည​က ​အန်​အဲလ်​ဒီ ​ပါ​တီ ​က​နေ ​စည်း​ရုံး​ရေး ​ဆောင်​ရွက် ​နေ​စဉ် ​လူ ၃ ​ဦး​က ​ဝင်​ရောက် ​တိုက်​ခိုက် ​ခဲ့​တဲ့ ​အ​တွက် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​အန်​အဲလ်​ဒီ ​လွှတ်​တော် ​ကိုယ်​စား​လှယ် ​ဦး​နိုင်​ငံ​လင်း ​ဓား​ခုတ်​ခံ​ရ ​ပြီး ​ဒဏ်​ရာ ​အ​ပြင်း ​အ​ထန် ​ရ​ရှိ​သွား ​ပါ​တယ်။
အ​ခု​တော့ ​ဆေး​ရုံ ​တင်​ထား ​ရ​ပြီး၊ ​သူ​နဲ့ ​အ​တူ ​တိုက်​ခိုက် ​ခံ​ရ​သူ ​တ​ခြား ၂ ​ဦး​က​တော့ ​ဒဏ်​ရာ ​မ​ပြင်း ​ထန်​ဘူး​လို့ ​သိ​ရ​ပါ​တယ်။
သာ​ကေ​တ ​မြို့​နယ် ​ပြည်​သူ့ ​လွှတ်​တော် ​ကိုယ်​စား​လှယ်​လောင်း ​ဒေါက်​တာ ​ဝေ​ဖြိုး​အောင် ​အ​တွက် ​စည်း​ရုံး​ရေး ​ဆောင်​ရွက် ​နေ​စဉ် ​အ​ခု​လို ​တိုက်​ခိုက် ​ခံ​ရ​တာ ​ဖြစ်​ပါ ​တယ်။
ဝင်​ရောက် ​တိုက်​ခိုက်​သူ ၃ ​ယောက်​မှာ ​တ​ဦး​က ​ဓား​နဲ့ ​ဖြစ်​ပြီး၊ ​တ​ခြား ၂ ​ဦး​က ​တုတ်​နဲ့ ​တိုက်​ခိုက် ​ခဲ့​တာ ​ဖြစ်​တယ် ​လို့ ​ဒေါက်​တာ ​ဝေ​ဖြိုး​အောင်​က ​ပြော ​ပါ​တယ်။
တိုက်​ခိုက်​သူ ​အား​လုံး​ကို ​ရဲ​က ​ဖမ်း​ဆီး ​ထား​ပြီ ​ဖြစ်​ပြီး၊ ​အန်​အဲလ်​ဒီ ​အ​နေ​နဲ့ ​ဥ​ပ​ဒေ ​အ​ရ ​ဆက်​လက် ​လုပ်​ဆောင်​သွား ​မယ်​လို့ ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ဦးနိုင်ငံလင်း ဓားခုတ်ခံရ
 အန်အဲလ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဓားခုတ်ခံရတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး၊ သာကေတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝေဖြိုးအောင် ကို၊ ကိုသက်ထွေးနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
အန်​အဲလ်​ဒီ ​ကိုယ်​စား​လှယ် ​ဦး​နိုင်​ငံ​လင်း ​ဓား​ခုတ်​ခံ​ရ  ​အန်​အဲလ်​ဒီ ​ကိုယ်​စား​လှယ် ​ဦး​နိုင်​ငံ​လင်း ​ဓား​ခုတ်​ခံ​ရ Reviewed by THITHTOOLWIN on 03:50 Rating: 5
Powered by Blogger.