ရေရှားပါးမှုကြောင့် ပါပူဝါနဲ့ Vanuatu မှာ သေဆုံးမှုဖြစ်

လွန်ခဲ့တဲ့ ၆ လတုန်းကပဲ ဆိုင်ကလုန်း ဝင်ရောက်ခဲ့တဲ့ နေရာမှာ ရေရှားမှု ဖြစ်နေပါတယ်။ (Credit: Reuters)
 သြစတြေးလျနိုင်ငံရဲ့ ​အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ​ပါပူဝါ ​နယူးဂနီနဲ့ ​Vanuatu ​နိုင်ငံမှာ ​ရေရှားပါးမှုကနေ ​အစာရေစာ ​ငတ်မွတ်မှုတွေ ​ဖြစ်နေတဲ့အတွက် ​သေဆုံးမှုတွေ ​ရှိနေပါတယ်။

Vanuatu ​နိုင်ငံမှာတော့ ​အသက် ​၂ ​နှစ်အရွယ် ​ကလေးမ ​တစ်ဦး ​သေဆုံးရပြီး ​ဒါဟာ ​ရေရှားပါးမှုနဲ့ ​ဆက်စပ်ပြီး ​ပထမဦးဆုံး ​သေဆုံးမှု ​ဖြစ်ပါတယ်။

ပါပူဝါ ​နယူးဂနီနိုင်ငံမှာတော့ ​အနည်းဆုံး ​လူ ​၁၁ ​ယောက် ​သေဆုံးခဲ့ရပြီ ​ဖြစ်ပါတယ်။

Vanuatu ​နိုင်ငံမှာ ​လွန်ခဲ့တဲ့ ​၆ ​လတုန်းကပဲ ​Pam ​ဆိုင်ကလုန်း ​ဝင်ရောက်ခဲ့လို့ ​ဒုက္ခရောက်နေတုန်းမှာပဲ ​ရေရှားပါးမှု ​ထပ်မံ ​ဖြစ်ပေါ်တာ ​ဖြစ်ပါတယ်။

ရေတွေမရှိလို့ ​အပင်တွေ ​သေကုန်သလို ​သောက်သုံးစရာလည်း ​မရှိ ​ဖြစ်နေရပါတယ်။

သွားလာရ ​လွယ်ကူတဲ့ ​ဒေသမှာ ​အကူအညီတွေ ​တချို့ ​ရရှိပေမယ့် ​ခေါင်ခိုက်တဲ့ ​ဒေသမှာတော့ ​အစာငတ်မွတ်မှုတွေ ​ဖြစ်နေကြပါတယ်။

တောင်ပေါ်ဒေသမှာတော့ ​အပင်တွေကို ​နှင်းတွေက ​ဖျက်ဆီးတဲ့အတွက်လည်း ​ဒုက္ခရောက်နေကြရပါတယ်။

တချို့ကျွန်းပေါ်မှာ ​ဆိုးဝါးတဲ့ ​ဝမ်းလျှောရောဂါတွေ ​ဖြစ်နေရပြီး ​အကြောင်းရင်းကတော့ ​မသောက်သုံးသင့်တဲ့ရေတွေ၊ ​မစားသင့်တဲ့ ​အစားအစာကို ​စားမိရာက ​ဖြစ်ရတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

ရှားပါးမှုတွေကြောင့် ​အရင်တုန်းက ​စားသုံးလေ့ ​မရှိတဲ့ ​အစားအသောက်တွေကို ​ရွာသားတွေက ​ရှာစားနေရတယ်လို့ ​ဆိုပါတယ်။

ကလေးငယ်တွေကလည်း ​စားလေ့မရှိတဲ့ ​သစ်မျှစ်တွေကို ​တူးဆွပြီး ​ကျောင်းသွား ​ကျောင်းပြန်တွေမှာ ​စားသုံးနေကြတာကို ​တွေ့ရတယ်လို့ ​ဆိုပါတယ်။

By Pacific affairs reporter Liam Fox
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရေရှားပါးမှုကြောင့် ပါပူဝါနဲ့ Vanuatu မှာ သေဆုံးမှုဖြစ်    ရေရှားပါးမှုကြောင့် ပါပူဝါနဲ့ Vanuatu မှာ သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.