တိုက်ပွဲကာလ လုံခြုံစိတ်ချမှုမရှိသည့်အတွက် စည်းရုံးရေး မဆင်းကြရန် နိုင်ငံရေးပါတီများအား RCSS/SSA သတိပေး


စက်တင်ဘာ ၁၇ ရက် ၂၀၁၅

သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ထိုးစစ်ဆင်တိုက် ခိုက်သည့် အတွက် စည်းရုံးရေးဆင်းမည့် ကိုယ်စားလှယ်လောင်းများ နိုင်ငံရေးပါတီများအတွက် လုံခြုံ စိတ်ချမှုမရှိသောကြောင့် စည်းရုံးရေး ယာယီရပ်နားထားရန် သျှမ်းပြည်တပ်မတော်မှ နိုင်ငံ ရေးပါတီများအား သတိပေးထုတ်ပြန်ထားသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ အဆင်သင့်ဖြစ်နေပြီဟု ဂျူလိုင် ၁၇ ရက် သဘော ထား ထုတ်ပြန်သည့်နောက်ပိုင်းမှ စ၍ ယနေ့အထိ သျှမ်းပြည် တပ် မတော် RCSS/SSA အား အစိုးရတပ်မတော်မှ ပိုက်စိတ်တိုက်လိုက် လံတိုက်ခိုက်သည့်အတွက် ၇ ကြိမ် ရင်ဆိုင် တိုက် ပွဲဖြစ်ပွားေ ကြာင်း၊ ဒေသ ခံကျေး လက်လူထုအား ဖမ်းဆီးရိုက်နှက်ခြိမ်းခြောက်ခြင်း၊ လူထု အားပစ်ခတ် တိုက်ခိုက်ခြင်းတို့ကြောင့် လုံခြုံစိတ်ချမှုမရှိသည့်အတွက် RCSS/SSA ထိန်းချုပ် နယ်မြေအတွင်း စည်းရုံးရေးမဆင်းကြရန် နိုင်ငံရေးပါတီများအား သျှမ်းပြည်တပ်မတော်မှ သဘောထားထုတ်ပြန်ကာ သတိပေးလိုက်သည်။

“ကျနော်တို့ သွားလာလှုပ်ရှားတဲ့ ၁၆ မြို့နယ်အတွင်း အခြေစိုက်ပြီး ခြံလုပ် ငန်းတွေ၊ မွေးမြူ ရေး လုပ်ငန်းတွေ လုပ်ဖို့ ကျနော်တို့ဘက်က တင်ပြထား တာဘဲ။ ကျနော်တို့သွားလာ လှုပ် ရှားတဲ့နယ်မြေဘဲ။အခုကျတော့ ကျနော် တို့တပ်တွေကို လိုက်လံတိုက်ခိုက်နေတယ်။ လူထု အပေါ် လူ့အခွင့် အရေး ချိုးဖေါက်နေတယ်။ လုံခြုံစိတ်ချမှု မရှိတော့တဲ့အတွက် စည်းရုံးရေး ဆင်း တာတွေ ယာယီရပ်နားထားဖို့ ပါ။ လုံခြုံစိတ်ချမှုရှိမှ စည်းရုံးရေးပြန်ဆင်းဖို့ပါ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

၁၆ မြို့နယ်မှာ နမ့်ခမ်း၊ နမ့်တူ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ ကျေးသီး၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းပြင်း မြို့နယ် များပါဝင်သည့် ဒေသများ ဖြစ်သည်ဟု ဆိုသည်။

အခြေအနေအားလုံးက အစိုးရ နှင့် တပ်မတော်အပေါ်သာမူတည်ကြောင်း၊ ယခုဖြစ်ပွားသည့် တိုက်ပွဲလည်း အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးတို့ကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အဆင့်မြင့်အရာရှိ ဦးလှမောင်ရွှေက - “တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် ဒီပြဿနာတွေကိုဖြေရှင်းဖို့ အတွက် နိုင်ငံေ ရးဆွေးနွေးဖို့လိုတယ်။ တိုက်ပွဲရပ်မှ သွားရမယ်၊ တိုက်ပွဲမရပ် လို့မသွားေ သးဘူးလို့စဉ်းစားရမယ့်အစား၊ တိုက်ပွဲရှိရင်လဲရှိနေမှာ ပေါ့ဗျာ၊ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲက ဒါတွေပြီးပြတ်အောင်ဆွေးနွေးညှိ နိုင်းဖို့လိုတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ စက်တင်ဘာ ၁၀ ရက်နေ့က ပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်နယ်အဆင့်၊ ပြည်နယ်အဆင့်ငြိမ်း ချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြီးခဲ့သည့် ၆၈ ကြိမ်မြောက်ြ ပည်ထောင်စုနေ့ တွင် လည်းနိုင်ငံတော်နှင့်အတူ ငြိမ်းချမ်းရေး နှင့် အမျိုးသာြး ပန် လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် သဘောတူ လက်မှတ်ရေးထိုး ထား သည့်တပ်ဖွဲ့ဖြစ်သည်။ ထို့အတွက် မြန်မာ အစိုးရနှင့် နီးစပ်လာနေသည့် တပ်ဖွဲ့များအနက် RCSS/SSA က တဖွဲ့ပါဝင်သည်ဟု အခြား လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များမှ ဝေဖန်ခြင်းခံနေရသည့် တပ်ဖွဲ့ လဲဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
တိုက်ပွဲကာလ လုံခြုံစိတ်ချမှုမရှိသည့်အတွက် စည်းရုံးရေး မဆင်းကြရန် နိုင်ငံရေးပါတီများအား RCSS/SSA သတိပေး  တိုက်ပွဲကာလ လုံခြုံစိတ်ချမှုမရှိသည့်အတွက် စည်းရုံးရေး မဆင်းကြရန် နိုင်ငံရေးပါတီများအား RCSS/SSA သတိပေး Reviewed by THITHTOOLWIN on 15:56 Rating: 5
Powered by Blogger.