Mullah Omar သေဆုံးမှု တာလီဘန်ဖွင့်ဟ

သေဆုံးသွားတဲ့ ခေါင်းဆောင်ဟောင်း Mullah Omar (Credit: ABC licensed) 
 အဖွဲ့ ​ခေါင်းဆောင် ​Mullah ​Omar ​သေဆုံးမှုကို ​၂ ​နှစ်ကြာ ​ဖုံးကွယ်ခဲ့ကြောင်း ​တာလီဘန်က ​ထုတ်ဖော် ​ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာတပ်တွေရဲ့ ​တိုက်ခိုက်မှု ​ရပ်သွားတဲ့ ​အချိန်မှ ​ထုတ်ပြောဖို့ ​အခုလို ​ဖုံးကွယ်ခဲ့တာလို့ ​လည်း ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​ဇူလိုင်လတုန်းက ​ခေါင်းဆောင်ဖြစ်သူ ​Mullah ​Omar ​သေဆုံးခဲ့ကြောင်း ​တာလီဘန်တွေက ​ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ​အဖွဲ့အတွင်း ​သင်းကွဲမှုတွေကို ​စိုးရိမ်တဲ့အတွက် ​ဘယ်တုန်းက ​သေဆုံးသလဲ ​ဆိုတာကိုလည်း ​မပြောခဲ့ပါဘူး။

ခေါင်းဆောင်ပိုင်းကနေ ​ကြေညာချက်တွေကို ​Mullar ​Omar ​နာမည်နဲ့ ​ထုတ်နေခဲ့ပြီး ​သူတို့ကို ​အသိမပေးတဲ့ ​အပေါ် ​တာလီဘန် ​အဖွဲ့ဝင် ​တချို့က ​မကျေမနပ် ​ဖြစ်နေကြပါတယ်။

အဖွဲ့အတွင်း ​စိတ်ဝမ်းကွဲမှုတွေကို ​ထိန်းချုပ်ဖို့အတွက် ​တာလီဘန် ​ခေါင်းဆောင်သစ် ​Mullah ​Akhtar ​Mansour ​က ​မကြာသေးမှီက ​သူ့ရဲ့ရုပ်ပုံကို ​ထုတ်ဖော်ခဲ့ပါတယ်။

ခေါင်းဆောင်ဟောင်း ​Mullah ​Omar ​ဟာ ​ဘင်လာဒင်ရဲ့ ​သမီးအကြီးဆုံး ​နဲ့ ​၁၉၈၈ ​မှာ ​အိမ်ထောင်ကျခဲ့သူဖြစ်ပြီး ​၂၀၀၁ ​ခုနှစ်ကတည်းက ​အပြင်လောက ​နဲ့ ​အဆက်အသွယ် ​ဖြတ်ထားသူ ​ဖြစ်ပါတယ်။

Mullah ​Omar ​ဟာ ​သာမန် ​၉၆ ​ပါးရောဂါ ​နဲ့ ​အသက်သေဆုံးခဲ့ကြောင်း ​တာလီဘန်အဖွဲ့က ​ပြောဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Mullah Omar သေဆုံးမှု တာလီဘန်ဖွင့်ဟ  Mullah Omar သေဆုံးမှု တာလီဘန်ဖွင့်ဟ Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.