အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီ facebook ဌာနချုပ်သို့ သွားမည်


 ဝါရှင်တန် စက်တင်ဘာ ၁၃

 အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီသည် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆီလီကွန်ဗယ်လီရှိ facebook ဌာနချုပ်သို့ အလည်အပတ်လာရောက်မည်ဖြစ်ကြောင်း facebook ကုမ္ပဏီ ထူထောင်သူနှင့် အမှုဆောင် အရာရှိချုပ်မာ့ခ်ဇူခါဘတ်ဂ်ျက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဝန်ကြီးချုပ် မိုဒီသည် ယခုလ နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်သည့်အခါ facebook ဌာနချုပ်သို့ အလည်အပတ်လာရောက်မည်ဖြစ်ကြောင်း၊ မိမိသည် လွန်ခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ၌ ဝန်ကြီးချုပ်မိုဒီအား တွေဆုံခွင့်ရရှိခဲ့ကြောင်း၊ မိမိတို့၏ ဌာနချုပ်သို့ အိန္ဒိယဝန်ကြီးချုပ်လာရောက်ရန်ရှိခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်မိကြောင်း လူမှုရေးကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော facebook တွင် ဇူခါဘတ်ဂ်ျက ရေးသား ဖော်ပြထားသည်။

ဝန်ကြီးချုပ်မိုဒီသည် စက်တင်ဘာ ၂၃ရက်မှ ၂၈ရက် အထိ အမေရိကန်ပြည်ထောင်စု၌ နေထိုင်လည်ပတ်ရန်စီစဉ် ထားသည်။ မိုဒီသည် အမေရိကန်ခရီးစဉ်အတွင်းကုလသမဂ္ဂ အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်သည်။

facebook ဌာနချုပ်သို့ အလည်အပတ်လာရောက်ရန် ဇူခါဘတ်ဂ်ျက ဖိတ်ခေါ်ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း မိုဒီက ပြောကြားသည်။

ပီတီအိုင်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီ facebook ဌာနချုပ်သို့ သွားမည်  အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီ facebook ဌာနချုပ်သို့ သွားမည် Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.