အီဂျစ်လုံခြုံရေးတပ်ဖွဲ့က မက္ကဆီကန် ကမ္ဘာလှည့်ခရီးသွားတွေကို ပစ်ခတ်


အီဂျစ်နိုင်ငံမှာ လုံခြံရေးတပ်ဖွဲ့တွေက မက္ကဆီကန် ကမ္ဘာလှည့်ခရီးသွားတွေ အပါအ၀င် လူ ၁၂ ယောက်ကို စစ်ဆင်ရေးလုပ်နေစဉ် မှားယွင်းပြစ်ခတ်မိလို့ သေဆုံးသွားကြောင်း အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေဟာ ကား ၄ စီးနဲ့ အနောက်ပိုင်း သဲကန္တာရရှိ Wahat ဒေသတွင်းက သတ်မှတ်ဇုန်အတွင်း ၀င်ရောက်လာစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အခုကိစ္စကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။

မက္ကဆီကန် ၁၀ ဦးနဲ့ အီဂျစ်နိုင်ငံသားတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရပါတယ်။

မက္ကဆီကို သမ္မတ Enrique Pena Nieto က အခုအဖြစ်အပျက်ကို ရှုတ်ချပြေဆိုလိုက်ပြီး အသေအချာစုံစမ်းစစ်ဆေးဖို့ အီဂျစ်အစိုးရကို တောင်းဆိုထားပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ မသေချာသေးပေမယ့် မက္ကဆီကိုနိုင်ငံသား ၂ ဦး အနည်းဆုံးသေဆုံးခဲ့တယ်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အီဂျစ်လုံခြုံရေးတပ်ဖွဲ့က မက္ကဆီကန် ကမ္ဘာလှည့်ခရီးသွားတွေကို ပစ်ခတ်  အီဂျစ်လုံခြုံရေးတပ်ဖွဲ့က မက္ကဆီကန် ကမ္ဘာလှည့်ခရီးသွားတွေကို ပစ်ခတ် Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.