ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ မီးလောင်မှုဖြစ်


 ဘိုကလေး စက်တင်ဘာ ၁၈

 ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာ အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်းနေ ဦးမြင့်သူ၊ ဒေါ်ရီရီသိန်း (ကုန်စုံဆိုင်)၏ နောက်ဖေး ထမင်းချက် ဆောင်မှ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ ကဒုံကနိကျေးရွာ နယ်မြေ စခန်းမှူး ဒုရဲမှူး အေးမင်းဦးစီးသော တပ်ဖွဲ့ဝင် ၁၇ ဦး၊ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ဝ နှင့် ကျေးရွာသူ ကျေးရွာသား ၂ဝဝ ခန့်က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင် မှုကြောင့် လူ၊ တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းခံရသော နေအိမ်မှတစ်ဆင့် ဦးကိုကိုနှင့် ဦးတင်လှိုင်တို့၏နေအိမ်များပါ ဆက်လက် မီးလောင်ခဲ့ပြီး ဦးလှထွန်းကြည် (မိဘမေတ္တာလက်ဖက် ရည်ဆိုင်)နှင့် ဦးဌေးဝင်းနေအိမ်တို့မှာ မီးမကူးစက်ဘဲ အနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်း သည့် နေအိမ်ပိုင်ရှင် ဦးမြင့်သူကို ကဒုံကနိရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အောင်မင်း(ဘိုကလေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ မီးလောင်မှုဖြစ်  ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.