အန်အယ်လ်ဒီကို မဲမပေးဖို့ ခြိမ်းခြောက်လာရင် မကြောက် ဖို့ပြော

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ အသိပညာ ပေးဟောပြောပွဲမှာ တွေ့ရစဉ်။ Photo: Nay Thwae/ RFA
တိုင်းရင်းသားဒေသတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးဖို့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ခြိမ်းခြောက်ပြောဆိုမှုတွေရှိလာရင် ဒေသခံတွေအနေနဲ့ သတ္တိရှိရှိနဲ့ လက်မခံဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့က မင်္ဂလာဘုရားဝင်းမှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျမပြောပါ့မယ်၊ အဲ့လိုခြိမ်းခြောက်လာရင်ပေါ့နော်၊ ခြိမ်းခြောက်ပြီးတော့ NLD ကို မဲမပေးရဘူး စသည်ဖြင့်ပြောရင် စဉ်းစားကြည့်ပါ၊ သူတို့ခြိမ်းခြောက်နေတဲ့ဘဝမှာ ထပ်ပြီးတော့နေချင်လား၊ ခြိမ်းခြောက်ခံရ တဲ့ဘဝကလွတ်မြောက်ချင်ရင် ရွေးကောက်ပွဲ နေ့ကျရင် NLD ကိုသာမဲပေးလိုက်၊ သူတို့ဘာမှလုပ်လို့မရဘူး၊ မဲပေးပြီးမှတော့ သူတို့ပြန်လည်းချုပ်လို့မရဘူး၊ အဲ့မှာကြည့်နေတဲ့ပါတီကိုယ်စားလှယ်တွေလည်းရှိမယ်၊ မဲပေးပြီးတော့အဖွဲ့ချုပ်ကနိုင်သွားရင် သူတို့ဆက်ပြီးခြိမ်းခြောက်နေမယ့်အခြေအနေမရှိပါဘူးလို့ ကျမပြောပါ ရစေ၊ မဲပေးရမယ့် တစ်ရက်လေးမှာသတ္တိရှိလိုက်ရင် ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ အေးအေးချမ်းချမ်းနေရ ပါလိမ့်မယ်"

ဒါ့အပြင် ပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မှာကို ဝေဖန်တာတွေ ရှိနေပြီး အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာဟာ ဒီမိုကရေစီ အစိုးရဖွဲ့နိုင်ရေးအတွက် ဆောင်ရွက်တာလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲကာလအတွင်း မမှန်ကန်တဲ့နည်းလမ်းတွေ နဲ့မဲဆွယ်စည်းရုံးမှုတွေ၊ စည်းကမ်းချက်နဲ့ မကိုက်ညီ တာတွေကို တွေ့ရှိတဲ့အခါ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားဖို့လိုတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံအတွက် အရေးကြီးတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် မဲစာရင်းမှန်၊ မမှန် သွားရောက်ကြည့်ရှုကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လူဦးရေ နည်းတဲ့ မဲဆန္ဒနယ်မြေတွေမှာ လူတစ်ထောင်လောက်ကသာ မဲမပေးခဲ့ဘူးဆိုရင် ပြဿနာရှိကြောင်းလည်း မဲပေးဖို့ အရေးကြီးတဲ့အကြောင်းကို ထည့်သွင်းပြောခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အန်အယ်လ်ဒီကို မဲမပေးဖို့ ခြိမ်းခြောက်လာရင် မကြောက် ဖို့ပြော  အန်အယ်လ်ဒီကို မဲမပေးဖို့ ခြိမ်းခြောက်လာရင် မကြောက် ဖို့ပြော Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.