မိမိချစ်သူကို သတ်ပြီး အွန်လိုင်းတင်တဲ့ သူ


 စက်တင်္ဘာ ၇ ။

 တရုတ်နိုင်ငံ တောင်ပိုင်းက လူငယ်တဦးမှာ မိမိချစ်သူ ကောင်မလေးအား သတ်ထားသည့်ပုံကို အွန်လိုင်းတွင် တင်ခဲ့ပြီး " please forgive my selfish love " အတ္တကြီးတဲ့ ကျွန်နော့်အချစ်ကို ခွင့်လွှတ်ပါ လို့  ခေါင်းစဉ်တပ် တင်ထားခဲ့တာပါ။


ဂွမ်ဇီ Guangxi ဆိုတဲ့ လူငယ်ဟာ အွန်လိုင်းမှာ ချစ်ကြိုက်ခဲ့တဲ့ ချစ်သူကို သူ့ အပြင် တခြား ယောင်္ကျား တွေနဲ့ ပါ ဆက်ဆံနေတယ်လို့  သံသယ ၀င်လာပြီး ခုလို စကားများရင် သတ်လိုက်တာပါ။

သူတင်လိုက်တဲ့ ပုံကို မိန်းခလေး မိသားစုနဲ့  သူငယ်ချင်းတွေက တွေ့ သွားရာက ရဲစခန်းကို အကြောင်းကြားပြီး တရားခံနေတဲ့ နေရာကိုရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ မှာ အွန်လိုင်းသုံးနေတဲ့ သူတွေဟာ ခုလို သူများထက် ထူးအောင် စိတ်ဝင်စားအောင် ပုံအမျိုးမျိုးနဲ့  အပြိုင်အဆိုင် တင်နေရာကနေ ခုလို မိမိချစ်သူကို သတ်ပြီး တင်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ဖေါက်ပြန်သွားခဲ့ရ တာဖြစ်ပြီး မိန်းလေးရှင်တွေ က အထူးသတိထား စောင့်ကြည့်ဖို့ လိုမယ်လို့  ရဲအရာရှိများက ဆိုပါတယ်။

တရုတ်နိုင်ငံမှာတော့ ခုလို လူသတ်မှုဟာ ပြည်သူ့ ခုံရုံးက သေစားသေစေ ဆိုတဲ့ အပြစ်ကို ခံရမှာ ဖြစ်ပါတယ်။

CCTV news
Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
မိမိချစ်သူကို သတ်ပြီး အွန်လိုင်းတင်တဲ့ သူ  မိမိချစ်သူကို သတ်ပြီး အွန်လိုင်းတင်တဲ့ သူ Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.