ပါကစ္စတန် လေတပ်စခန်းထဲ တာလီဘန်တွေ ဝင်ပစ်

လူ ၁၇ ​ဦး ​သေ​ဆုံး​ပြီး ​လူ ၂၀ ​ဒဏ်​ရာ​ရ​ခဲ့။ 
 ပါကစ္စတန် နိုင်ငံ မြောက်ပိုင်း၊ ပက်ရှ်ဝါ မြို့က လေတပ် အခြေစိုက် စခန်း တစ်ခုကို စစ်သွေးကြွတွေ ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် အနည်းဆုံး ၁၇ ဦး သေဆုံး ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ရဲ ဝတ်စုံတွေ ဝတ်ထားတဲ့ သေနတ်သမားတွေက သောကြာနေ့ မနက်ပိုင်းမှာ Badaber လေတပ် စခန်းကို ဝင်ရောက် ပစ်ခတ် ခဲ့တာလို့ ဗိုလ်ချုပ် Asim Bajwa က ပြောပါတယ်။

လေတပ် စခန်းထဲက ဗလီမှာ ဝတ်ပြု နေသူတွေ ထဲက ၁၆ ဦးနဲ့ စစ်တပ် အရာရှိ တစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ပါကစ္စတန် တာလီဘန်တွေက ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက စစ်သွေးကြွ ၁၃ ယောက်ကို သတ်ဖြတ် နိုင်ခဲ့တယ်လို့ ဆိုပေမယ့် တာလီဘန် ကတော့ သူတို့ တိုက်ခိုက်ရေး သမား တစ်ဦးသာ သေဆုံးတယ်လို့ ပြောပါတယ်။

ဝင်ရောက် ပစ်ခတ်တဲ့ စစ်သွေးကြွ စုစုပေါင်း ဘယ်နှယောက် ရှိတယ် ဆိုတာ မသိရသေးပေမယ့် ကျန်ရှိနေတဲ့ စစ်သွေးကြွတွေကို ရှာဖွေ နေတယ်လို့ ဗိုလ်ချုပ် Bajwa က ပြောပါတယ်။

ပစ်ခတ်မှုတွေ အတွင်း ဒဏ်ရာရသူ စစ်သား ၁၀ ယောက် အပါအဝင် လူ ၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပါကစ္စတန် လေတပ်စခန်းထဲ တာလီဘန်တွေ ဝင်ပစ်   ပါကစ္စတန် လေတပ်စခန်းထဲ တာလီဘန်တွေ ဝင်ပစ် Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.