အိမ်ခန်းအတွင်း ပုတ်ပွသေဆုံး


       ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေး ဈေးလမ်းနေ တိုက်ခန်းတစ်ခန်းအတွင်း လူတစ်ဦး ပုတ်ပွ သေဆုံးနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်းများအရ သိရသည်။

       သေဆုံးသူမှာ ယင်းအခန်း၌ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး နေအိမ်နောက်ဖေး အိမ်သာ တံခါးဝတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ပုတ်ပွသေဆုံးနေကြောင်း ၎င်း၏ ညီဖြစ်သူအား မေးမြန်းရာ သေဆုံးသူတွင် နှလုံး၊  ပန်းနာရင်ကျပ်၊ ဗှီု ရောဂါများ ရှိကြောင်း သိရသည်။

      ယမန်နေ့က အလောင်းအား ရန်ကုန် ဆေးရုံကြီးသို့ ပို့၍ PR-024 ဖြင့် လက်ခံကာ သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည်။

The Messenger Media
http://www.messengerdaily.com
အိမ်ခန်းအတွင်း ပုတ်ပွသေဆုံး  အိမ်ခန်းအတွင်း ပုတ်ပွသေဆုံး Reviewed by THITHTOOLWIN on 03:29 Rating: 5
Powered by Blogger.