ဆိပ်ဖြူမြို့နယ်တွင် မွေကင်းစ ကလေးငယ် စွန့်ပစ်ခံရမှုဖြစ်ပွား


ဆိပ်ဖြူ စက်တင်ဘာ ၅

 မကွေးတိုင်ဒေသကြီးဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ၊တောင်ငယ် လုံးကျေးရွာနှင့် သံဇလုံကျေးရွာ နှစ်ရွာ၏ကြားသဲချောင်း ဘေးချုံပုတ် အတွင်း တွင် မွေးကင်းစ ကလေးငယ် အား စွန့်ပြစ်ထားမှုကို စက်တင်ဘာ ၅ရက်နေ့ နံနက်ပိုင်တွင် တွေ့ရှိခဲကြောင်းသိရှိရသည်။

ကျေးပင်ချောင်းကျေးရွာနေ ဦးဖိုးဇော်နှင့် ဦးဝင်းစန်းအပါအ၀င်လူခုနှစ်ဦး ဖွဲ့သည် နံနက် ၇နာရီအချိန်ခန့် ထန်သားဖျင်းလုပ်ငန်းသွားရန် တောထဲ သို့သွား စဉ် အဆိုပါနေရာ အနီးတွင် ကလေးငိုသံကို ကြားသိရ၍ လိုက်လံရှာဖွေခဲ့ရာ ချက်ကြိုးမဖျက်ရသေးသော ကလေးငယ်(ယောက်ျားလေး) ကို ဦးခေါင်းအား သစ်တုံးဖြင့်အုပ်လျက် ခန္ဓာကိုယ် တွင်သဲများဖုံးပြီး အသက်ရှင်လျက် စွန့်ပစ်ထားသည်ကိုတွေ့ရှိခဲ့ရကြောင်း ကလေးငယ်တွေ့ ရှိသည် ဦးဖိုးဇော်နှင့် ဦးဝင်းစန်းအပါအ၀င်လူခုနှစ်ဦး အဖွဲ့သည် သက်ဆိုင် ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်ပို့ကာ ကျေးရွာ တာဝန်ရှိ သူများမှဆက်လက်၍ မြို့နယ် သက်ဆိုင်ရာဌာနများသို့ တင်ပြပြီး ဖြစ် စဉ်နေရာ သို့ သက်ဆိုင်ရာ ဌာနများ ကျန်းမာရေး ဌာနမှ သားဖွား ဆရာမများက သွားရောက်ကာ စွန့်ပြစ်ခံကလေးငယ်အား ချက်ကြိုးဖြတ်ခြင်း များ ဆောင်ရွက်ပြီး နံနက် ၈နာရီတွင် မြိုနယ်ပြည်သူ့ ဆေးရုံသို့ ပိုဆောင်ကာကလေးငယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း များကဆောင်ရွက်ပေး လျက်ရှိသည်။


အဆိုပါကလေးငယ်မှာ အသက်အန္တရာယ်စိုးရိမ်ရဖွယ် မရှိကြောင်းနှင့် ကလေးငယ်အား မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနသို့ လွှဲပြောင်းပေးနိုင်ရေး တို့ကို မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှညှိနှိုင်း စီစဉ်ဆောင်ရွက် လျက်ရှိပြီး မွေးကင်းစ ကလေးငယ်စွန့်ပစ် မိခင်အား ဖော်ထုတ်နိုင်ရေးကို ဆိပ်ဖြူမြို့နယ် မြို့မရဲစခန်းမ ဒုရဲအုပ်ကျော်စိုးခိုင်ဦးဆောင်သော တပ်ဖွဲဝင်များက စုံစမ်းဖော် ထုတ်လျက်ရှိကြောင်းသိရှိရသည်။

စိုးလင်းနိုင်(IPRD)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆိပ်ဖြူမြို့နယ်တွင် မွေကင်းစ ကလေးငယ် စွန့်ပစ်ခံရမှုဖြစ်ပွား  ဆိပ်ဖြူမြို့နယ်တွင် မွေကင်းစ ကလေးငယ် စွန့်ပစ်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.