ပြင်သစ် မွတ်စလင်ညီလာခံတွင် ဇနီးမယား ရိုက်နှက်ဆုံးမနည်း ဟောပြောနေစဉ် အပေါ်ဝတ်ဗလာ အမျိုးသမီးနှစ်ဦး ၀င်ရောက်စီးနင်း


ပြင်သစ်နိုင်ငံ ပွန်တွိုက်စ်မြို့တွင် မွတ်စလင်ညီလာခံ ကျင်းပနေစဉ် အပေါ်ပိုင်း ဗလာကျင်းဖြင့် အမျိုးသမီးနှစ်ဦး စတိတ်စင်ပေါ်သို့ အတင်းအဓ္ဓမ စီးနင်းဝင်ရောက်ခဲ့သဖြင့် တရားဟောဆရာ နှစ်ဦး အထိတ်တလန့်ဖြင့် စင်ပေါ်မှဆင်းပေးခဲ့ရသည်။ သတင်းများအရ ဗလီဆရာနှစ်ဦးမှ အစ္စလာမ်ဘာသာတရားအရ မိမိ၏ဇနီးမယားကို ရိုက်နှက်ဆုံးမခွင့်နှင့်ပတ်သက်၍ ဆွေးနွေးဟောကြားနေစဉ် အဆိုပါ အမျိုးသမီးနှစ်ဦးက စင်ပေါ်တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။


၎င်းတို့နှစ်ဦးသည် အမျိုးသမီးအခွင့်အရေးအဖွဲ့ Femen မှဖြစ်သည်ဟုယူဆရပြီး Femen အဖွဲ့သည် ယူကရိန်းနိုင်ငံတွင် စတင်တည်ထောင်၍ လက်ရှိ ပြင်သစ်တွင်အခြေစိုက်ထားကာ ယူကရိန်း၊ ပြင်သစ်၊ ဆွီဒင်နှင့် တူနီးရှားနိုင်ငံတို့တွင်လည်း ကိုယ်ဗလာကျင်းတိုက်ခိုက်မှုများ
ပြုလုပ်ခဲ့ဖူးသည်။ Femen အဖွဲ့သည် ကိုယ်လုံးတီးဆန္ဒပြမှုများဖြင့် နာမည်ကျော်သည့် အမျိုးသမီးအခွင့်အရေးအဖွဲ့ဖြစ်သည်။


အစ္စလာမ်ဘာသာတရားအရ အာလ္လာရှင်၏အမိန့်တော်ခံယူခြင်း (submission) ကို ရည်ညွှန်း၍ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် “ဘယ်သူ့အမိန့်တော်မှ ငါတို့မခံယူဘူး”ဟု ရေးသားထားသည်။

မိုက်ကရိုဖုန်းကို ကိုင်၍ လက်သီးလက်မောင်းတန်းနေစဉ် ပွဲလုံခြုံရေးယူထားသူများနှင့် ပွဲစီစဉ်သူများမှ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူနှစ်ဦးကို စင်ပေါ်မှ ဆွဲချခဲ့ကြပြီး အမျိုးသားတဦးမှ အမျိုးသမီးတဦးအား ကန်ကျောက်ခဲ့သည်ကို တွေ့ရသည်။

Ref;The Mirror
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြင်သစ် မွတ်စလင်ညီလာခံတွင် ဇနီးမယား ရိုက်နှက်ဆုံးမနည်း ဟောပြောနေစဉ် အပေါ်ဝတ်ဗလာ အမျိုးသမီးနှစ်ဦး ၀င်ရောက်စီးနင်း  ပြင်သစ် မွတ်စလင်ညီလာခံတွင် ဇနီးမယား ရိုက်နှက်ဆုံးမနည်း ဟောပြောနေစဉ် အပေါ်ဝတ်ဗလာ အမျိုးသမီးနှစ်ဦး ၀င်ရောက်စီးနင်း Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.