ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ


တိုကျို ၊ ၁၇-၉-၂ဝ၁၅

ဂျပန်ငါးဖမ်းသမား တစ်ဦးသည် ဖူကူရှီးမား နျူကလီးယား စက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း Mail Online သတင်းဌာန က စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြ ထားသည်။

အဆိုပါငါးကြီး၏ ပါးစပ်သည် ကလေးငယ် တစ်ဦးကိုပင် မြိုချနိုင် လောက်အောင် ကြီးမားပြီး ဝံပုလွေငါးမျိုး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ငါးမျိုးသည် ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ အလွန် နက်ရှိုင်းသော နေရာများတွင်သာ နေထိုင်လေ့ရှိပြီး သမုဒ္ဒရာ ကြမ်းပြင် တစ်လျှောက်ရှိ သက်ရှိ သတ္တဝါငယ် များကိုသာ စားသောက်လေ့ ရှိသည်။

ပုံမှန်အားဖြင့် ယင်းငါးကြီး များသည် အရှည် ၁ ဒသမ ၂ မီတာခန့် ရှိသော်လည်း ယခုဖမ်းဆီး ရမိသည့် ငါးကြီးမှာ အရှည် ၂ မီတာနီးပါး ရှိသည့်အတွက် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ထွက်ရှိလာသော ရေဒီယိုသတ္တိကြွ အရည်များသည် ရေနေသတ္တဝါများ အပေါ် အကျိုးသက်ရောက် နိုင်ဖွယ် ရှိ၊ မရှိကို သိပ္ပံပညာရှင် များက စူးစမ်း လေ့လာလျက် ရှိသည်။ ၂ဝ၁၁ ခုနှစ်က ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ရှိ ငလျင်လှုပ်ခတ် မှုကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ အအေးပေးစနစ် ချွတ်ယွင်း ခဲ့သည့်အတွက် ဓာတ်ပေါင်းဖို သုံးလုံးမှာ လည်ပတ်မှု ရပ်ဆိုင်းကာ ရေဒီယို သတ္တိကြွ အရည်များသည် ပင်လယ်အတွင်းသို့ စိမ့်ဝင်ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ   ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.