တစ်ရွာတည်းသားချင်း တရုတ်ဇနီးမယားအဖြစ် ရောင်းစား


 အောင်လံ စက်တင်ဘာ ၂၃

 အောင်လံမြို့နယ် ဖောင်တင်ကျေးရွာ၌ ရန်ကုန်မြို့သို့ အလုပ်လုပ်ရန်ဟု လိမ်လည်လှည့်ဖြားခေါ်ဆောင်၍ တရုတ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားမှုတစ်ခု စက်တင်ဘာ ၂၂ ရက်က ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ဖောင်တင်ကျေးရွာနေ ဒေါ်--- အိမ်သို့ တစ်ရွာတည်းနေ ကိုမျိုးထိုက်၏ဇနီးဖြစ်သူ မစာ(ခ) မငြိမ်းငြိမ်း အေးရောက်ရှိလာပြီး ရန်ကုန်၌ ကိုမျိုးထိုက်၏ညီမ မအေးဝင်း(ခ) မဝေ၏ နေအိမ်တွင် အိမ်ဖော်လုပ်ရန်အတွက် ဒေါ်--- ၏ သမီးဖြစ်သူ မ----(၁၉ နှစ်) နှင့် တူမဖြစ်သူ မ---- (၃၂ နှစ်) တို့နှစ်ဦးကို တစ်လလျှင် လစာငွေကျပ် တစ်သိန်းဖြင့် ခေါ်ယူလိုသည်ဟုပြောသဖြင့် လုပ်ကိုင်ရန် သဘောတူခဲ့သည်။

ခေါ်ဆောင်သွားပြီး တစ်လခန့်အကြာတွင် ဒေါ်...က မစာ(ခ) မငြိမ်းငြိမ်း အေးနှင့်အတူတွေ့ဆုံရန် လိုက်သွားသောအခါ သမီးနှင့်တူမကို ရန်ကုန်၌ မဟုတ်ဘဲ ဟင်္သာတမြို့ရှိ မအေးဝင်း(ခ) မဝေနှင်းလှိုင်၏ နေအိမ်၌တွေ့ရှိ ရကာ သမီးဖြစ်သူအတွက် ကိုးလစာ ငွေကျပ် ကိုးသိန်းထုတ်ပေးသဖြင့် ယူခဲ့ သည်။ မ--- အတွက် ကိုးလစာ ငွေကျပ် ကိုးသိန်းကို မစာက လက်ခံယူခဲ့ပြီး မ---- ၏မိခင်ကို ပေးအပ်ခဲ့သည်။ ဇူလိုင်လတွင် ကိုးလပြည့်၍ သမီးနှင့် တူမတို့ကို ပြန်ခေါ်ပေးရန် ပြောဆိုသောအခါ ကိုမျိုးထိုက်က ခေါ်မပေးသဖြင့် သမီးဖြစ်သူနှင့် ဆက်သွယ်ပြောဆိုရာ ဟင်္သာတမြို့၌ မဟုတ်တော့ဘဲ တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရကြောင်းသိသဖြင့် ကိုမျိုးထိုက်၊ မစာ(ခ) မငြိမ်းငြိမ်းအေး၊ မအေးဝင်း(ခ) မဝေနှင်းလှိုင်တို့ကို အရေးယူပေးပါရန် တိုင်ကြားသဖြင့် အောင်လံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သိန်းလွင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တစ်ရွာတည်းသားချင်း တရုတ်ဇနီးမယားအဖြစ် ရောင်းစား   တစ်ရွာတည်းသားချင်း တရုတ်ဇနီးမယားအဖြစ် ရောင်းစား Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.