ခု​ချိန်​အ​ထိ ​ရ​ခိုင်​ပြည်​နယ်​မှာ ​အ​မတ်​လောင်း၂၄​ယောက်​အ​ပယ်​ခံ​ရ
ရွေ​ကောက်​ပွဲ ​ဝင်​မယ့် ​အ​မတ်​လောင်း​ကို ​သတ်​မှတ်​ထား​တဲ့ ​အ​ရည်​အ​ချင်း​နဲ့ ​ပြည့်​မ​ပြည့် ​စီ​စစ်​နေ​ရာ​မှာ ​ရ​ခိုင်​ပြည်​နယ်​က ​အ​ပယ်​ခံ​ရ​တာ ​အ​များ​ဆုံး​ဖြစ်​တယ်။ ​အ​ခု​ချိန်​အ​ထိ ​ရ​ခိုင်​ပြည်​နယ်​မှာ ​အ​ပယ်​ချ​ခံ​ရ​တဲ့ ​လွှတ်​တော် ​အ​မတ်​လောင်း ၂၄ ​ဦး​ရှိ​ပါ​တယ်။ ​အ​များ​စု​က​တော့ ​အ​စ္စ​လာမ် ​ဘာ​သာ​ဝင်​တွေ​ဖြစ်​ကြ​ပါ​တယ်။ ​မိ​ဘ​နဲ့ ​အ​ဖိုး​အ​ဖွား​တွေ​ရဲ့ ​နိုင်​ငံ​သား​ဖြစ်​မှု​ကို ​အ​တိ​အ​ကျ ​မ​ဖေါ်​ပြ​နိုင်​တာ​ကြောင့် ​ပယ်​ချ​ခံ​ထား​ရ​သူ​တွေ ​ဖြစ်​တယ်။ ​တိုင်း​ရင်း​သား​တွေ​ထဲ​က ​နိုင်​ငံ​အ​တွင်း​မှာ ​ဆက်​တိုက်၁၀ ​နှစ်​မ​နေ​တာ၊ ​အ​ဖေ​က​ဗ​မာ​ဖြစ်​လို့ ​ချင်း​လူ​မျိုး ​ကိုယ်​စား​ပြု ​အ​မတ်​မ​ဖြစ်​နိုင်​တာ​တွေ​လည်း ​ပါ​ဝင်​ပါ​တယ်။
ရ​ခိုင်​ပြည်​နယ်​က ​ပယ်​ချ​ခံ​ထား​ရ​တဲ့ ​လွှတ်​တော်​အ​မတ်​လောင်း​တွေ​နဲ့ ​ပတ်​သက်​ပြီး ​ပြည်​နယ်​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​အ​တွင်း​ရေး​မှူး ​ဦး​သူ​ရိန်​ထွဋ် ​က​မောင်​တော​မှာ ၁၉​ယောက် ​စစ်​တွေ​မှာ၂​ယောက်​နဲ့ ​မြောက်​ဦး​မှာ၂​ယောက်​ရှိ​ပြီး ​အ​များ​အား​ဖြင့် ​မိ​ဘ​က ​နိုင်​ငံ​သား ​မ​ဖြစ်​တာ​နဲ့​ငြိ​စွန်း​တယ်​လို့ ​ဘီ​ဘီ​စီ​ကို​ရှင်း​ပြ​ပါ​တယ်။
အ​ပယ်​ခံ ​ထား​ရ​သူ​တွေ​ထဲ​က ​လက်​ရှိ​လွှတ်​တော်​အ​မတ် ​ဦး​ရွှေ​မောင်​နဲ့ ​က​မန်၊ ​ရ​ခိုင်​အ​ဖြစ်​တင်​ထား​တဲ့ ​ဒေါ်​ခင်​ခင်​လွင် ​တို့​က​တော့ ​ပြည်​နယ် ​ကော်​မ​ရှင်​ကို ​အ​ယူ​ခံ​ဝင်​ထား​ပြီး ​အ​ခု​အ​င်္ဂါ​နေ့​မှာ ​ဆုံး​ဖြတ်​ဖို့ ​ရှိ​တယ်​လို့ ​ရ​ခိုင်​ပြည်​နယ် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ဥ​က္က​ဌ ​ဦး​အောင်​မြ ​က​ပြော​ပါ​တယ်။ ​တစ်​နိုင်​ငံ​လုံး​မှာ ​အ​မတ်​လောင်း ၄၀ ​ကျော် ​ပယ်​ချ​ခံ​ထား​ရ​ပြီး ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ခု​ချိန်​အ​ထိ ​ရ​ခိုင်​ပြည်​နယ်​မှာ ​အ​မတ်​လောင်း၂၄​ယောက်​အ​ပယ်​ခံ​ရ  ​ခု​ချိန်​အ​ထိ ​ရ​ခိုင်​ပြည်​နယ်​မှာ ​အ​မတ်​လောင်း၂၄​ယောက်​အ​ပယ်​ခံ​ရ Reviewed by THITHTOOLWIN on 05:32 Rating: 5
Powered by Blogger.