၂၃ဝ ကေဗွီ ဘဲလင်း-အုန်းတော နှစ်ထပ်မဟာဓာတ်အားလိုင်း တာဝါတိုင်ငါးတိုင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ


နေပြည်တော် စက်တင်ဘာ ၁၈

စစ်ကိုင်းနှင့် မုံရွာဒေသသို့ ဓာတ်အားပို့လွှတ်သော ၂၃ဝကေဗွီ ဘဲလင်း(ကျောက်ဆည်)-အုန်းတော (စစ်ကိုင်း) နှစ်ထပ်မဟာဓာတ်အားလိုင်းဖြတ်သန်းရာ တံတားဦး မြို့နယ် တပယ်ရွာအနီးရှိ တာဝါတိုင်အမှတ်(၁ဝ၄၊ ၁ဝ၅၊ ၁ဝ၆၊ ၁ဝ၇၊ ၁ဝ၈) တစ်ဆက်တည်း ငါးတိုင်သည် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခန့်တွင် လေပြင်း တိုက်ခတ်၍ ပြိုလဲပြီး ဓာတ်အားပြတ်တောက်သွားခဲ့ သည်။

ဓာတ်အားပြတ်တောက်သွားသော စစ်ကိုင်းနှင့် မုံရွာ ဒေသအား ၁၃၂ ကေဗွီ ချောက် - ဗုဒ္ဓကုန်း(ပခုက္ကူ) - ညောင်ပင်ကြီး(ဆားလင်းကြီး) - အောင်ချမ်းသာ(မုံရွာ) လိုင်းဖြင့် မုံရွာဒေသသို့ လည်းကောင်း၊ ညောင်ပင်ကြီး- အုန်းတောလိုင်းဖြင့် စစ်ကိုင်းဒေသသို့ လည်းကောင်း ည ၉ နာရီခန့်တွင် အသီးသီးပြန်လည်ဓာတ်အားပို့လွှတ် နိုင်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်ပြိုလဲသွားသော ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင် ငါးတိုင်ကို အမြန် ပြန်လည်တည်ဆောက်ရေးအတွက် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးစီး၍ ဝန်ထမ်း ၁၁၈ ဦးတို့ဖြင့် အမြန်ဆုံးပြန်လည်တည်ဆောက် လျက်ရှိပြီး ရက်သတ္တနှစ်ပတ်ခန့် ကြာမြင့်နိုင်မည်ဖြစ်သည်။ ဓာတ်အားပြတ်တောက်သွားသော ၂၃ဝ ကေဗွီ ဘဲလင်း (ကျောက်ဆည်) - အုန်းတော(စစ်ကိုင်း)နှစ်ထပ် မဟာ ဓာတ်အားလိုင်း ပြန်လည်တည်ဆောက်နေစဉ်ကာလ အတွင်း ၁၃၂ ကေဗွီ ချောက် - ဗုဒ္ဓကုန်း(ပခုက္ကူ)- ညောင်ပင် ကြီး(ဆားလင်းကြီး) - အောင်ချမ်းသာ(မုံရွာ)လိုင်းဖြင့် ဓာတ်အားပို့လွှတ်ပေးနေရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မုံရွာဒေသနေရာအများစုတွင် ဓာတ်အားအပြည့်အဝ ဖြန့်ဖြူးပေးထားပြီး ကျန်ဒေသအနည်းငယ်တွင် အချိန်ပိုင်း အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
၂၃ဝ ကေဗွီ ဘဲလင်း-အုန်းတော နှစ်ထပ်မဟာဓာတ်အားလိုင်း တာဝါတိုင်ငါးတိုင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ ၂၃ဝ ကေဗွီ ဘဲလင်း-အုန်းတော နှစ်ထပ်မဟာဓာတ်အားလိုင်း တာဝါတိုင်ငါးတိုင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.