အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားများ သဘောထား နှစ်ခြမ်းကွဲပြီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)ကြိမ်မြောက် ဆွေးနွေးပွဲ ။ ဓါတ်ပုံ - MPC

 စက်တင်ဘာ - ၂၉ - ၂၀၁၅

 တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ နှစ်ခြမ်းကွဲသွားပြီဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် (၂၁) ဖွဲ့ ရှိသည့်အနက် အဖွဲ့ ၇ ဖွဲ့က အစိုးရနှင့် လက်မှတ်ရေးထိုးရန် ယနေ့ ချင်းမိုင်မြို့တွင်ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

အစိုးရနှင့် လက်မှတ်ရေးထိုးမည့်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ PC ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ၊ ချင်းအမျိုးသားတပ်ဦး CNF တို့ဖြစ်သည်။

ယမန်နေ့မှစတင်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည့် ထိပ်သီးညီလာခံသို့ အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ခဲ့သည့်အနက် ၇ ဖွဲ့က လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားမီဒီယာ Karen National Media - KNM
https://www.facebook.com/knm.karen

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားများ သဘောထား နှစ်ခြမ်းကွဲပြီ     အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားများ သဘောထား နှစ်ခြမ်းကွဲပြီ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.