ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား ကရင်နီ တိုင်းရင်းသား နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ


21 September 2015

 ကရင်နီ ဒုက္ခသည်စခန်းလို့  နိုင်ငံတကာက သိနေတဲ့ မြန်မာနိုင်ငံ ဘက်မှ ထိုင်နိုင်ငံ နယ်ခြားဒေသ သို့  ထွက်ပြေးခိုလှုံလာကြတဲ့ မယ့်ဟာင်ဆောင် ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၂၀ရက် တနင်္ဂနွေနေ့ ညပိုင်း ကပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

စခန်းအုပ်ချုပ်ရေးမူးနဲ့  နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေသွားရောက် စစ်ဆေးတဲ့ အခါမှာတော့ အသက် ၁၇ နှစ်နဲ့  အသက် ၄၀ အမျိုးသားနှစ်ဦး blook 13 ၁၃ ရပ်ကွက် ရုံးခန်းရှေ့  မှာ သေနတ် ဒဏ်ရာတွေနဲ့  သေဆုံးနေတာတွေ့ ရကြောင်း၊ ဒဏ်ရာတွေနဲ့  အသက် မသေသေးဘဲ တခြား သုံးဦးကိုတော့ မယ့်ဟောင်ခရိုင်အတွင်းမှာရှိတဲ့ စီစ၀မ် Srisangwan Hospital ဆေးရုံသို့  ပို့ ဆောင် ကုသပေးနေကြောင်း စခန်းအာဏာပိုင်တွေက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ယနေ့ မနက်မှာတော့ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ၁၃ ရပ်ကွက်က တာဝန်ရှိသူတွေ နေထိုင်နေသူတွေ အားလုံးအားခေါ်ယူစစ်ဆေးနေပါပြီ။

ယခု ကရင်နီ ဒုက္ခသည် စခန်းမှာ စစ်ဘေးရှောင် ကရင်နီ ဒုက္ခသည်ပေါင်း ၁၁၈၉၀ ဦးနေထိုင်နေကြောင်း သိရပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား ကရင်နီ တိုင်းရင်းသား နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ   ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား ကရင်နီ တိုင်းရင်းသား နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.