ဒေါ်အောင်ဆန်းစုကြည် ခန္တီးနဲ့ ဟုမ္မလင်းကို သွားရောက်မည်

စက်တင်ဘာလ ၁၈ ရက်နေ့က မန္တလေးမြို့ ကျုံးဒေါင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးဖို့ မြို့ခံဓါတ်ပုံသမား ၁ဝ ဦးက အခမဲ့ရိုက်ကူးပေးနေပြီး မဲဆွယ်စည်းရုံးနေတာကို တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းက ခန္တီးမြို့နဲ့ ဟုမ္မလင်း မြို့တွေကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ်  စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က RFA ကိုပြောပါတယ်။

ဒါ့အပြင်လည်း ရခိုင်ပြည်နယ်ထဲက သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေကိုတော့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် အဖြစ် အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက်မယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်း မန္တလေးမြို့က လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ ကျုံးဒေါင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးဖို့ မြို့ခံဓါတ်ပုံသမား ၁ဝ ဦးက အခမဲ့ရိုက်ကူးပေးနေပြီး မဲဆွယ်စည်းရုံးနေပါတယ်။

အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် အခုလို လှုပ်ရှားမှုလုပ်တာလို့ အခမဲ့ရိုက်ကူးပေးနေတဲ့ ဓာတ်ပုံဆရာ ဦးပြည့်စုံက ပြောပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ၃ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ဓာတ်ပုံလာရိုက်သူတွေရဲ့ ပုံတွေကို အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာ ဖော်ပြသွားမယ်လို့လည်း ပြောပါတယ်။

အဲ့ဒီဓါတ်ပုံရိုက်တဲ့ လှုပ်ရှားမှုကို NLD ပါတီကိုထောက်ခံတဲ့ အနုပညာရှင်တွေက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးမြို့ခံတွေကလည်း ပါဝင်လိုတဲ့အတွက် ရိုက်ကွင်းနေရာ ဖန်တီးခဲ့တာဖြစ်တယ်လို့ ဓာတ်ပုံဆရာတွေ ကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် ခန္တီးနဲ့ ဟုမ္မလင်းကို သွားရောက်မည်  ဒေါ်အောင်ဆန်းစုကြည် ခန္တီးနဲ့ ဟုမ္မလင်းကို သွားရောက်မည် Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.