အသက် (၇၈) နှစ်အရွယ် အဖိုးအိုက အဓမ္မကျင့်


            မြင်းခြံမြို့နယ်တွင် အသက် (၇၈) နှစ် အရွယ် အဘိုးအိုက သားမယား အဖြစ် ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

          ယခုလ (၁၈) ရက်နေ့ ညနေပိုင်း အချိန်တွင် မြင်းခြံမြို့နယ် .........ကျေးရွာ နေ ဒေါ်……(၅၈) နှစ်သည် မန္တလေးမြို့သို့ ရောက်ရှိစဉ် တစ်ရွာတည်း အိမ်ချင်းကပ်လျက်နေ ဒေါ်……..က ဖုန်းဖြင့်ဆက်၍ သမီး ဖြစ်သူ မ…..(၂၉) နှစ် (အသိဉာဏ် ရင့်ကျက်မှုမရှိသူ) သည် နေအိမ်၌ ရှိနေစဉ် ဦး…….(၇၈)နှစ်က အဓမ္မ ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိသဖြင့် ရွာသို့ ပြန်လာပြီး သမီးဖြစ်သူအား မေးမြန်းခဲ့ရာမှ သိရှိရခြင်းဖြစ်သည်။

          ယခုလ (၂၆) ရက်နေ့တွင် ဦး……(၇၈) နှစ်အား တိုင်တန်း၍ မြင်းခြံ နယ်မြေစခန်း ရဲစခန်း(အမှတ်-၂) (ပ)၁၃၂/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၇၆ အရ  အမှုဖွင့်ပြီး  ဖမ်းဆီး၍ စစ်ဆေးလျက် ရှိသည်။

t.y.d.n
The Messenger Media
http://www.messengerdaily.com/

အသက် (၇၈) နှစ်အရွယ် အဖိုးအိုက အဓမ္မကျင့်   အသက် (၇၈) နှစ်အရွယ် အဖိုးအိုက အဓမ္မကျင့် Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.