ရေး-မော်လမြိုင် ကာလမ်း၌ ခရီးသည်တင် မှန်လုံယာဉ်အား သေနတ်ပစ်ခတ် လုယက်မှုဖြစ်ပွား

ဓါတ်ပုံ ။ ။ Welcome TO Peace (fb)
 ရေး စက်တင်ဘာ ၁၅

 စက်တင်ဘာ ၁၅ ရက် နံနက် ၁ နာရီခန့်က လမိုင်းမြို့ နှင်းစုံကျေးရွာ အနီး မိုင်တိုင်အမှတ်(၈၂/၆)နှင့် (၈၂/၇)အကြား ရေး-မော်လမြိုင် သွားကားလမ်း၌ လက်နက်ကိုင် ၍ ခရီးသည်တင် မှန်လုံယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးမင်းမင်း(ခ)နှုတ်ခမ်းမွှေး (၄၇နှစ်)မောင်းနှင်ပြီး ယာဉ်နောက်လိုက် မွန်ချမ်း (၂၁ နှစ်) ထားဝယ်မြို့ တနင်္သာရီတိုင်း ဒေသကြီးနေသူ လိုက်ပါလာသော ယာဉ်အမှတ် 8j/----- Fuso အမျိုးအစား မှန်လုံယာဉ် သည် ခရီးသည် ၄၆ ဦးကိုတင်ဆောင် ၍ မော်လမြိုင်မြို့ဘက်မှ ရေးမြို့ဘက် သို့မောင်းနှင်လာစဉ် နှင်းစုံကျေးရွာ အနီးသို့အရောက် ကားလမ်းဘေးမှ ပြောက်ကျားဝတ်စုံဝတ်လျက် သေနတ် အရှည်တစ်လက် ကိုင်ဆောင်ထားသူ တစ်ဦး ရုတ်တရက်ထွက်လာပြီး မော်တော်ယာဉ်ကို ၄င်းကိုင်ဆောင် ထားသည့်သေနတ်ဖြင့် လေးချက် ပစ်ခတ်ရာ ယာဉ်မောင်း ကိုမင်း မင်း(ခ) နှုတ်ခမ်းမွှေး၏ ဝဲဘက်မျက်ခုံး အောက်မှ ဝဲနားရွက်အထိ သေနတ် ထိမှန်ပြီး ဒဏ်ရာရရှိကာ မော်တော်ယာဉ်ရပ်တန့်သွားစဉ် ထို လူက မော်တော်ယာဉ်ပေါ်ရှိ ခရီးသည်များအား မော်တော်ယာဉ် ပေါ်မှဆင်းခိုင်းကြောင်း၊ ခရီးသည် များအား ကားလမ်းဘေး၌ မှောက် ခိုင်းပြီး ရွှေမလိုကြောင်းနှင့် ပါရှိသည့် ငွေများထုတ်ပေးရန် တောင်းခံ ကြောင်း၊ ယာဉ်နောက်လိုက် မွန်ချမ်း အား မော်တော်ယာဉ်ပေါ်သို့ တက်ယူ ခိုင်းစဉ် မွန်ချမ်းမှာ မော်တော်ယာဉ် ပေါ်သို့တက်ရောက်၍ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ မော်တော် ယာဉ်ပါ ခရီးသညများအနက်မှ စောမိုက်ကယ် (၂၆ နှစ်) ဇလွန်မြို့နယ် ဧရာဝတီတိုင်း ဒေသကြီးနေသူထံမှ ငွေကျပ် ၁၈ဝဝဝ နှင့် ကိုဝင်းအောင် (၃၈ နှစ်) ရေစကြိုမြို့နယ်နေသူတို့ထံမှ Huawei အမျိုးအစား ဆင်းကတ်ပါ ဖုန်းတစ်လုံးကိုယူဆောင်၍ ခရီး သည်များအား မော်တော်ယာဉ်ပေါ်သို့ တက်ခိုင်းပြီး ကားလမ်းဘေးရှိ တော အတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက် ၍ ယာဉ်မောင်း မင်းမင်း(ခ)နှုတ်ခမ်း မွှေးမှာ ဒဏ်ရာများရရှိသဖြင့် ရေး ဆေးရုံ၌ အတွင်းလူနာအဖြစ် (စိုးရိမ် ရကာ) ရန်ကုန်ဆေးရုံသို့ အရေးပေါ် တင်ပို့ပေးပြီး သက်ဆိုင်ရာနယ်မြေ တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် ရေး မြို့နယ် ရဲမှူးမြင့်သော်၊ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ပြစ်မှု ကျူးလွန်သူ ထွက်ပြေးရာလမ်းကြောင်း နောက်သို့ လိုက်လံရှင်းလင်းလျက်ရှိ ကြောင်း သိရသည်။

နေမျိုးထွဋ်(ရေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေး-မော်လမြိုင် ကာလမ်း၌ ခရီးသည်တင် မှန်လုံယာဉ်အား သေနတ်ပစ်ခတ် လုယက်မှုဖြစ်ပွား   ရေး-မော်လမြိုင် ကာလမ်း၌ ခရီးသည်တင် မှန်လုံယာဉ်အား သေနတ်ပစ်ခတ် လုယက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.