ဖားအောက်တောရ ကျောင်းနေ ကိုရင်(၄)ပါးနှင့် ကျောင်းသား(၃)ဦး ကျောင်းထိုင်ဆရာတော်ကို ကြောက်လို့ ထွက်ပြေးပျောက်ဆုံးနေ

 ပျောက်ဆုံးနေသူ ကိုရင်များနှင့်ကျောင်းသားများအား တွေ့ရှိပါက ဆက်သွယ်ကူညီအကြောင်းကြားပေးနိုင်ပါရန် ဖော်ပြခြင်း
ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ ဖားအောက်တောရ ကျောင်းနေ ကိုရင်ဥာန္ဒောဘာသပါ ကိုရင်(၆)ပါးနှင့် ကျောင်းသား(၃)ဦးတို့သည် ကျောင်းထိုင်ဆရာတော်မှ စာကျက်မှတ်ခိုင်းရာ စာမရသဖြင့် ဆရာတော်ဆူပူကြိမ်းမောင်းမည်ကို စိုးရိမ်ကာ ၁၄.၉. ၂၀၁၅ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ကျောင်းမှထွက်ခွာသွားပြီး ပျောက်ဆုံးနေသဖြင့် ၁၅.၉.၂၀၁၅ ရက်နေ့တွင် လှည်းကူးမြို့မရဲစခန်းသို့ စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းခဲ့၍ လူပျောက်အမှတ်စဉ်(၁၃/၂၀၁၅)ဖြင့် ရေးဖွင့်ကာ စုံစမ်းရှာဖွေ
ခဲ့ပါသည်။

ယင်းသို့ စုံစမ်းရှာဖွေနေစဉ် ၁၈.၉.၂၀၁၅ ရက်နေ့တွင် ကျောင်းမှထွက်ခွာသွားပြီး ပျောက်ဆုံးနေသည့် ကိုရင်များအနက် ကိုရင် ၀ါယမ၊ (၁၄)နှစ်နှင့် ၀ိဇ္ဇာရ၊ (၁၄)နှစ်တို့(၂)ပါးအား မြောက်ဥက္ကလာပမြို့နယ်ရှိ ဓမ္မအောင်မြေကျောင်းတိုက်သို့ ရောက်ရှိနေကြောင်း သိရှိရပြီး ပြန်လည်တွေ့ရှိ ခဲ့ပါသည်။

ယခုအချိန်ထိ ပျောက်ဆုံးနေပြီး ပြန်လည်တွေ့ရှိခြင်းမရှိသေးသည့် ကိုရင်(၄)ပါးနှင့် ကျောင်းသား(၃)ဦး တို့မှာ ဖော်ပြပါအတိုင်းဖြစ်ပါသည် -
(၁) ကိုရင် ဥာန္ဒောဘာသ (၁၅)နှစ်၊ လယ်ဝေးမြို့၊
(၂) ကိုရင် ၀ိမလ၊ (၁၃)နှစ်၊ ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊
(၃) ကိုရင် ဓမ္မပါလ၊ (၁၃)နှစ်၊ ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊
(၄) ကိုရင် ကောသလ္လ၊ (၁၂)နှစ်၊ ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊
(၅) မောင်အောင်စိုး၊ (၁၅)နှစ်၊ ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊
(၆) မောင်အိုက်ပီး၊ (၁၄)နှစ်၊ ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊
(၇) မောင်ဖားလော့၊ (၁၃)နှစ်၊ ကျောက်မဲမြို့၊ ရှမ်းပြည်မြောက်ပိုင်း။

သို့ဖြစ်ပါ၍ ပြန်လည်တွေ့ရှိခြင်းမရှိသေးသည့် ဖော်ပြပါ ကိုရင်များနှင့် ကျောင်းသားများအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိပြီး ပြည်သူများ အနေဖြင့်လည်း တွေ့ရှိသတင်းရရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီ အကြောင်းကြားပေးနိုင်ပါရန် ဖော်ပြအပ်ပါသည်-
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၁၇၅၀၂ ၊ ၀၁ ၂၁၇၅၀၃
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၄၅၈၂၄
လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၂၉၀၄၂
လှည်းကူးမြို့မရဲစခန်း - ၀၁ ၆၂၉၀၀၉

Yangon Police
https://www.facebook.com/yangonpolice
ဖားအောက်တောရ ကျောင်းနေ ကိုရင်(၄)ပါးနှင့် ကျောင်းသား(၃)ဦး ကျောင်းထိုင်ဆရာတော်ကို ကြောက်လို့ ထွက်ပြေးပျောက်ဆုံးနေ  ဖားအောက်တောရ ကျောင်းနေ ကိုရင်(၄)ပါးနှင့် ကျောင်းသား(၃)ဦး ကျောင်းထိုင်ဆရာတော်ကို ကြောက်လို့ ထွက်ပြေးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.